မကွေးတိုင်း၊ငဖဲမြို့နယ်က ချင်းရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးဝယ်ယူခွင့်လည်း ပိတ်ဆို့ခံထားရ

မကွေးတိုင်း၊ငဖဲမြို့နယ်က ချင်းရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးဝယ်ယူခွင့်လည်း ပိတ်ဆို့ခံထားရ

မကွေးတိုင်း၊ ငဖဲမြို့နယ်က အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ချင်းရွာတွေမှာ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးတွေကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဝယ်ယူလို့မရကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဗမာတွေအသိများတာက တောင်ပေါ်ဒေသချင်းအုပ်စုလို့ အသိများတယ် ချင်းရွာတွေမှာ နှစ်တိုင်းလိုလို ငှက်ဖျားဖြစ်တယ်။ အရင်နှစ်တွေက အဲဒီက ဒေသခံတွေက ငှက်ဖျားစစ်ဆေးတဲ့ ဆေးဝါးကိရိယာတွေ ပဒါန်းမြို့မှာသွားဝယ်လို့ရတယ်။ အခုကျတော့ ပဒါန်းမြို့မှာလည်း အဲဒီဆေးဝါးတွေမရှိတော့ဘူး။ ငှက်ဖျားနဲ့ပက်သက်ပြီး ဆေးဝါးတွေ ရောင်းချတာ မရှိတော့ဘူး။ စစ်ကောင်စီကနေ အဲဒီဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုပြီးမှ ဆေးရောင်းချတာတွေ ကန့်သတ်ထားတွေရှိတော့ ငှက်ဖျားနဲ့ပက်သက်ပြီး ဆေးဝါးတွေ ဝယ်လို့မရကြဘူး။ ဆေးဝါးနဲ့ပက်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဆေးဝါးဝယ်တယ်၊ သယ်တယ်ဆိုတဲ့ စွပ်စွဲချက်လည်းရှိတယ်။ ဆေးဆိုင်တွေကလည်း မရောင်းရဲကြတဲ့ အနေထားဖြစ်တယ်။  အခုတော့ ဆေးနဲ့ပက်သက်တာတွေ ဘာမှဝယ်ယူလို့ မရကြဘူး။ အခုတစ်ရွာကို အနည်းဆုံး ငါးယောက်၊ ဆယ်ယောက်လောက်က ငှက်ဖျားရောဂါဖြစ်နေကြတယ်”လို့ပြောပါတယ်။

မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက  ဂုတ်ကြီး၊ လေသာ၊ ဘုံးဘော၊ စပ်စီ၊ ကန်မြင့်ကန်၊ လိုင်၊ မထုံး၊ ဝက်စားကျင်း၊ တခြားချင်းရွာတွေနဲ့  မင်းလှ၊ မင်းတုန်း၊ ငဖဲ မြို့နယ်စပ်က  ချင်းရွာတွေမှာလည်း ငှက်ဖျားအဖြစ်များနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...