မကွေးတိုင်း၊ငဖဲမြို့နယ်က ချင်းရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးဝယ်ယူခွင့်လည်း ပိတ်ဆို့ခံထားရ

မကွေးတိုင်း၊ငဖဲမြို့နယ်က ချင်းရွာတွေမှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးဝယ်ယူခွင့်လည်း ပိတ်ဆို့ခံထားရ

မကွေးတိုင်း၊ ငဖဲမြို့နယ်က အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ချင်းရွာတွေမှာ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးတွေကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဝယ်ယူလို့မရကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “ဗမာတွေအသိများတာက တောင်ပေါ်ဒေသချင်းအုပ်စုလို့ အသိများတယ် ချင်းရွာတွေမှာ နှစ်တိုင်းလိုလို ငှက်ဖျားဖြစ်တယ်။ အရင်နှစ်တွေက အဲဒီက ဒေသခံတွေက ငှက်ဖျားစစ်ဆေးတဲ့ ဆေးဝါးကိရိယာတွေ ပဒါန်းမြို့မှာသွားဝယ်လို့ရတယ်။ အခုကျတော့ ပဒါန်းမြို့မှာလည်း အဲဒီဆေးဝါးတွေမရှိတော့ဘူး။ ငှက်ဖျားနဲ့ပက်သက်ပြီး ဆေးဝါးတွေ ရောင်းချတာ မရှိတော့ဘူး။ စစ်ကောင်စီကနေ အဲဒီဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုပြီးမှ ဆေးရောင်းချတာတွေ ကန့်သတ်ထားတွေရှိတော့ ငှက်ဖျားနဲ့ပက်သက်ပြီး ဆေးဝါးတွေ ဝယ်လို့မရကြဘူး။ ဆေးဝါးနဲ့ပက်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဆေးဝါးဝယ်တယ်၊ သယ်တယ်ဆိုတဲ့ စွပ်စွဲချက်လည်းရှိတယ်။ ဆေးဆိုင်တွေကလည်း မရောင်းရဲကြတဲ့ အနေထားဖြစ်တယ်။  အခုတော့ ဆေးနဲ့ပက်သက်တာတွေ ဘာမှဝယ်ယူလို့ မရကြဘူး။ အခုတစ်ရွာကို အနည်းဆုံး ငါးယောက်၊ ဆယ်ယောက်လောက်က ငှက်ဖျားရောဂါဖြစ်နေကြတယ်”လို့ပြောပါတယ်။

မကွေးတိုင်း၊ငဖဲမြို့နယ်ထဲက  ဂုတ်ကြီး၊ လေသာ၊ ဘုံးဘော၊ စပ်စီ၊ ကန်မြင့်ကန်၊ လိုင်၊ မထုံး၊ ဝက်စားကျင်း၊ တခြားချင်းရွာတွေနဲ့  မင်းလှ၊ မင်းတုန်း၊ ငဖဲ မြို့နယ်စပ်က  ချင်းရွာတွေမှာလည်း ငှက်ဖျားအဖြစ်များနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...