ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင် ပြည်သူ့စစ်က ၇၀,၀၀၀ ကျပ်နှုန်းဖြင့် အခွန်ကောက်နေ

ပအိုဝ်းဒေသ ဆီဆိုင်မြို့တွင် ပြည်သူ့စစ်က ၇၀,၀၀၀ ကျပ်နှုန်းဖြင့် အခွန်ကောက်နေ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း အသုံးပြုရန်အတွက် တစ်အိမ်လျှင် ကျပ် ၇ သောင်းနှုန်းဖြင့် ငွေကြေးကောက်ခံနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အဆိုပါကားအား ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်၏ သာရေးနာရေးအတွက် အသုံးပြုသွားမည်ဟု ဆိုကာ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) က လိမ်လည် ကောက်ခံနေခြင်း ဖြစ်သည်။

ဟိုခဲရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက “ပင်လောင်းမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဆီဆိုင်ကားတွေလည်း သူတို့ ချောဆွဲလို့ ကုန်ပြီ။ ဘယ်သူမှလည်း မလိုက်ရဲကြတော့ဘူး။ ဒီလို အခြေအနေမှာ PNA က ကားဝယ် ပေးမယ် ဆိုရင် ဘုရားတောင် ပွင့်သွားမယ်” ဟု ပြောသည်။

ကားဝယ်ယူရန်အတွက် အောက်တိုဘာလအကုန် နောက်ဆုံးသတ်မှတ်ထားပြီး အဝေးရောက် စစ်ဘေးရှောင် များကလည်း ဘဏ်အကောင့်မှ တစ်ဆင့် ပေးဆောင်ရမည်ဟု ဆိုကြသည်။

ဟိုခဲရပ်ကွက် အပါအဝင် ဆီဆိုင်တစ်မြို့လုံးရှိ ရပ်ကွက်တိုင်းနီးပါး၌ ပြည်သူများမှာ အခြားနေရာများတွင် စစ်ဘေး ရှောင်နေကြသည့်အပြင် တောင်ကြီး – ဆီဆိုင် – ပင်လောင်း လမ်းတစ်လျှောက်၌လည်း တိုက်ပွဲများ ပြင်းထန်နေသည် ဖြစ်ရာ PNA အနေဖြင့် ချောဆွဲရန် မလွယ်ကူသည့်အတွက် ယခုကဲသို့ ငွေကြေးကောက်ခံ ရခြင်း ဖြစ်သည်။

ပအိုဝ်းလူငယ်တစ်ဦးက “အရင်လက Without (လိုင်စင်မဲ့) တွေကို အခွန်ကောက်တယ်။ ဒီလတော့ သူတို့ကပဲ ရပ်ကွက်အတွက် ကားပြန်ဝယ်မယ်ဆိုတော့ ဘယ်သူမှ မယုံကြတော့ဘူး။ ဒါပေမယ့်လည်း နီးရာဓါး ကြောက်ရ တော့ ထည့်ရတာပဲ” ဟု ပြောသည်။

ဟိုခဲရပ်ကွက်တွင် တိုက်ပွဲများအတွင်း အသုံးပြုရန်အတွက် PNA အဖွဲ့ က ကား ၃ စီးခန့် ချောဆွဲခဲ့ဖူးသည့်အပြင် စစ်မှုထမ်းရန်အတွက် ပြည်သူ ၅ ဦးခန့်ကိုလည်း ခေါ်ယူခဲ့ဖူးသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

ပင်လောင်းမြို့နယ် တောင်ဘက်ပိုင်း၊ ကရင်နီ နယ်စပ်တစ်လျှောက်တွင် အောက်တိုဘာလ အစပိုင်းမှ စ၍ လက်ရှိချိန်အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ကျေးရွာပေါင်း ၁၃ ရွာခန့် စစ်ဘေးရှောင်နေကြရသည်

June 26, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက်...
June 25, 2026
တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စစ်တပ်က...
June 24, 2026
ချင်းပြည် တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်တပ်၏...
June 23, 2026
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊...