မင်းတပ်မှာ စစ်ကောင်စီက လူနေအိမ်များထပ်မံမီးရှို၊ အိမ်ခြေ ၃၀ ခန့်မီးလောင်

မင်းတပ်မှာ စစ်ကောင်စီက လူနေအိမ်များထပ်မံမီးရှို၊ အိမ်ခြေ ၃၀ ခန့်မီးလောင်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁) ရက် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များထပ်မံမီးရှိုခဲ့ပြီး အိမ်ခြေ ၃၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတစ်နာရီခန့်မှာ CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေ (၂) နာရီခန့်ကစ၍ ဘုရင့်နောင်လမ်းခွဲရှိ မင်းတပ်-မတူပီကားမကြီး တလျှောက်တွင် ရှိသော ပြည်သူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က မီးတင်ရှိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့ခံတစ်ဦးက “ရှို့မီးပဲ အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းစုံဖက် ကတ္တာရားလမ်း တောက်လျှောက်လောင် တာ၊ အဲ့မတိုင်ခင် ၁၂ နာရီနဲ့ ၁ နာရီကြားလောက်မှာ တိုက်ပွဲဖြစ်တာ၊ အဲ့နောက်နှစ်နာရီကစပြီး မီးလောင်တာ၊ မီးငြိမ်းလို့ လည်းမရဘူး ဒီမှာက မီးသတ်ကားလည်း မောင်းမယ့်သူမရှိတော့ ပြည်သူတွေလည်း သွားဖို့လာဖို့လည်းကြောက်ကြတာ။” ဟု ပြောသည်။

မီးလောင်သည့် နေအိမ်များမှာ (၂) နှစ်နီးပါး လူထိုင်ခြင်းမရှိသောအိမ်များဖြစ်ကြပြီး အိမ်ပိုင်ရှင်များသည်လည်း တခြား ဒေသသို့ စစ်ဘေးတိမ်းရှောင်နေကြသူများဖြစ်ကြောင်းသိရသည်။

မင်းတပ်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့များသည် ခလရ ၂၇၄ တပ်ရင်းထဲက ဓာတ်ဆီများကို ဆိုင်ကယ်ဖြင့် ပုံးလိုက်သယ်လာကြပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း မီးတင်ရှို့နေခြင်းဖြစ်သည်ဟု ပြောဆိုသည်။  

စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ လူနေအိမ်များကို ဩဂုတ်လ ၂၂ ရက်န့ကစပြီး စက်တင်ဘာလ အထိ (၇) ကြိမ် မီးရှို့ခဲ့ပြီး လူနေအိမ် (၃၆) လုံးမီးလောင်ပြာကျခဲ့သည်ဟု CDF-မင်းတပ်က စက်တင်ဘာလ ၂၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...