ရေဘေးသင့်တဲ့ ပွန်ချောင်းစစ်ရှောင်စခန်းမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ရှိနေဆဲဖြစ်ပြီး ကျောင်း ၆ ကျောင်းလည်းပိတ်ထားရ

ရေဘေးသင့်တဲ့ ပွန်ချောင်းစစ်ရှောင်စခန်းမှာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ရှိနေဆဲဖြစ်ပြီး ကျောင်း ၆ ကျောင်းလည်းပိတ်ထားရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ရေဘေးသင့်ခဲ့တဲ့ ပွန်ချောင်းစစ်ရှောင်စခန်းတွေက စစ်ဘေးရှောင်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေဆီကနေသိရပါတယ်။

“ရေကြီးတော့ ကျောင်းရပ်နားလိုက်ရတာတွေ ပြီးရင် နေရာရွေ့ပြောင်းနေရတော့ စားဝတ်နေရေးအတွက် အစကနေပြန်ပြီးရုန်းကန်နေကြတဲ့ ပုံစံမျိုးနဲ့ ကြုံရတယ်ပေါ့နော။ အထူးသဖြင့် ကလေးတွေက ကျောင်းပြန်မဖွင့်သေးနိုင်တာပေါ့နော။” လို့ နွေဦးဂရုလေးများ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင် စခန်းတွေမှာရှိတဲ့ စာသင်ကျောင်း ၆ ကျောင်းကိုလည်း ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ချောင်းရေပြန်ကျနေပေမဲ့ ပွန်ချောင်း စစ်ရှောင်စခန်းက စစ်ရှောင်တွေရဲ့ စားဝတ်နေရေးကို ရေဘေးကူညီသူတွေရဲ့ အကူအညီနဲ့သာ ဖြေရှင်းနေရတာဖြစ်ပါတယ်။

စစ်ရှောင်တွေရဲ့ တဲအိမ် ၊ အိုးခွက်ပန်းကန် အပြင် အခြေခံ အသုံးအဆောင်ပစ္စည်းတွေအားလုံး ရေထဲမျောပါသွားတာကြောင့် အကူအညီပိုမို လိုအပ်နေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေက ဝင်ငွေတစ်ဖက်တစ်လှမ်းရအောင် စိုက်ပျိုးထားတဲ့ နှမ်းတွေကလည်း‌ ရေမြှုပ်ပျက်စီးသွားတာကြောင့် လာမယ့်နှစ် စားဝတ်နေရေးအတွက် ပူပန်နေကြရပါတယ်။

“ဒီနှစ်က နှမ်းအထွက်နှုန်းရော အပင်သန်တာရော အရင်နှစ်တွေထက် အများကြီးပိုကောင်းတဲ့နှစ် ဖြစ်တယ်။ ဆိုတော့ သူတို့မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလိုဖြစ်နေတယ်ပေါ့နော ရေကြီးမှုကြောင့်။” လို့ နွေဦးဂရုလေးများ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့နှစ်က တစ်ပိဿာ ၄၀၀၀ ကျပ်ရှိတဲ့ နှမ်းစျေးက ယခုနှစ်မှာတော့ ၈၀၀၀ ကျပ် ပေါက်စျေး ရှိနေတယ်လို့လည်း သိရပါတယ်။ ပွန်ချောင်းစစ်ရှောင်စခန်းမှာ စခန်းအမှတ် ခုနှစ် အထိရှိပြီး အိမ်ခြေ ၇၀၀ ကျော်နဲ့ လူဦးရေ ၂၆၀၀ နီးပါးရှိပါတယ်။

နေအိမ်တွေ ရေထဲမျောပါသွားတဲ့ စစ်ဘေးရှောင်တွေဟာ နေစရာမရှိတော့တဲ့အတွက် ကျေးရွာခံတွေရဲ့ ခန်းမဆောင်တွေ၊ စာသင်ကျောင်းတွေမှာပဲ ခိုလှုံနေထိုင်ကြပါတယ်။

ကရင်နီပြည်မှာ စက်တင်ဘာလအတွင်း ရေဘေးကြောင့် ပိတ်ရတဲ့ စာသင်ကျောင်းတွေရှိပေမဲ့ အရေအတွက်အတိကျကိုတော့ ကန္တာရဝတီတိုင်း (မ်) က အတည်ပြုလို့မရသေးပါဘူး။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...