ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF)  နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင်( CB ) အဖွဲ့တို့ စက်တင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။

နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ နေ့လည် ၁၂ ရာက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...