မောင်တော စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

မောင်တော စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ လိုအပ်နေကြောင်း သိရသည်။

မောင်တောမြို့ခံ စစ်ဘေးရှောင်တစ်ဦးက “အခုဆိုရင် ကျနော်တို့ထွက်ပြေးလာတာ လေးလကျော်သွားပြီ။ ထွက်ပြေးလာကတည်းက ဘယ်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့မှုမရဘူး။ နိုင်ငံခြားမှာ ဆွေးမျိုးတွေရှိတယ်ဆိုရင် သူတို့ဆီက အကူအညီတောင်းပြီးတော့ စားဝတ်နေရေးကို ဖြေရှင်းနေရတယ်။ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် ငတ်တလှည့် ပြတ်တလှည့် ဖြစ်နေတဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။

စစ်ရှောင်များမှာ မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရသဖြင့် ဝမ်းပျက်၊ ဝမ်းလျှောအပြင် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း သိရသည်။

ဆေးဝါးမရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရရှိသဖြင့် ကျန်းမာရေးကိစ္စတွင်လည်း  အခက်အခဲရှိနေကြောင်း မောင်တောမြို့မှ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ သောက်ရေ၊ သုံးရေတွေ မသန့်ရှင်းတဲ့အတွက် ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်ကြတယ်။ ပြီးတော့ အရေပြားရောဂါ တွေလည်းဖြစ်ကြတယ်။ ဆေးဝါးတွေကလည်း မရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ဘယ်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ပေးတာမရှိဘူး” ဟု ဆိုသည်။

မောင်တောမြို့မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်တချို့ကို အာရက္ခတပ်တော်(AA)က စားနပ်ရိက္ခာ၊ အမိုးအကာ နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသော်လည်း လူဦးရေများပြားသောကြောင့် လုံလောက်မှုမရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့စည်းများ၊ အရပ်ဖက်အဖွဲ့စည်းများ၊ စေတနာရှင်များအနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြရန် စစ်ဘေးရှောင်များက မျှော်လင့်နေကြသည်။

စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက “ပြည်ပကိုရောက်နေတဲ့ အသိမိတ်ဆွေတွေကို အကူအညီတောင်းပြီး ဆန်ရိက္ခာထောက်ပံ့မှုတွေ လုပ်နေတာရှိတယ်။ ဒါပေမဲ့ စစ်ရှောင်တွေက အရမ်းများတော့ အဆင်မပြေဘူး။ တိုက်ပွဲကလည်း ဘယ်လောက်ကြာမယ် ဆိုတာ မသိဘူး” ဟု ပြောသည်။

မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ဆက်လက်ထိုးစစ်ဆင်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေးရှောင်ဦးရေ သိန်းနှင့်ချီ ရှိနေသည်။ ရိက္ခာအကူအညီများ မရရှိလျှင် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

ရခိုင်ဒေသမှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစပြီး တိုက်ပွဲဖြစ်ပွားနေမှုမှာ လက်ရှိမှာ ၁၀ လကျော်အထိ ကြာမြင့်လာနေပြီး နေရပ်စွန့်ခွာသူဦးရေ ၆ သိန်းကျော်အထိ ရှိလာနေသည်။

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...