မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ

မလေးရှားတွင် သုံးလအတွင်း ရခိုင်ဒေသခံ ၃,၀၀၀ ခန့် ဖမ်းဆီးခံရ

အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်နေသည့် ရခိုင်ဒေသခံ ၃,၀၀၀ ခန့်မှာ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လအတွင်း မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း သတင်းရရှိသည်။

မလေးရှားရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများအား ကူညီပေးနေသူ ကိုဇူးဝေက “အဖမ်းခံရတဲ့ပုံစံကတော့ အမျိုးမျိုးပါပဲ။ ကိုယ်နေတဲ့နေရာဒေသနဲ့လည်း ဆိုင်တယ်။ အော်ဟစ်ဆူပူမှုတွေကြောင့် ပတ်ဝန်းကျင်က ရဲကို တိုင်လိုက်တာမျိုးတွေ” ဟု ပြောသည်။

တချို့မှာ သက်ဆိုင်ရာနှင့်ညှိနှိုင်းပြီး ပြန်လွတ်လာသော်လည်း လဝကဥပဒေဖြင့် တရားစွဲဆိုခံထားရသူလည်း အများအပြားရှိကြောင်း သိရသည်။

မလေးရှားရောက် ပေါက်တောဒေသခံတစ်ဦးက “ကျနော်က လမ်းမှာ ရဲနဲ့တွေ့ပြီး အဖမ်းခံရတာ။ စကားအရှည်ကြီး ပြောပြီး ရှင်းပြလိုက်ရတယ်။ ညှိနှိုင်းခဲ့ရတယ်။ အဲဒါနဲ့ ပြန်လွတ်လာခဲ့တယ်” ဟု ပြောသည်။

ဩဂုတ်လ ပထမပတ်အတွင်း လုပ်ငန်းခွင်တစ်ခုကို မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးမှုကြောင့် ရခိုင်ဒေသခံ ၇၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့အား ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြန်လွှတ်ပေးမည်ဟု ပြောသော်လည်း ပြန်လွတ်လာခြင်း မရှိသည့်အပြင် မိသားစု အသိုင်းအဝိုင်းနှင့်လည်း တွေ့ခွင့်မပေးကြောင်း ပြောသည်။

ဖမ်းဆီးခံရသူတစ်ဦး၏ ဖခင်ဖြစ်သူက “ဩဂုတ်လ ၂၀ နေ့မှာ မလွတ်လာသေးလို့ သွားမေးတော့ ရေရာတဲ့အဖြေ မပေးဘူး။ အဲဒီနောက် တွေ့ခွင့်လည်း မပေးတော့ဘူး။ စစ်ကောင်စီဆီကို လွှဲပေးမှာကို အရမ်းစိုးရိမ်နေကြတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် တရားစွဲဆိုခံရသူများအား အမှုကိုစစ်ဆေးနေချိန် မိသားစုအသိုင်းအဝိုင်းနှင့် တွေ့ခွင့်မပေးဘဲ ထောင်ဒဏ်ချမှတ်ပြီးမှသာ တွေ့ခွင့်ပေးကြောင်း အလုပ်သမားအရေး ကူညီနေသူများက ပြောသည်။

လဝကဥပဒေဖြင့် ထောင်ဒဏ် ၂ လမှ ၆ လကြားအထိ ချမှတ်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့ကြောင်း သိရသည်။

ရခိုင်တွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ဒေသခံများမှာ လက်ဝတ်ရတနာ၊ ကျွဲ၊ နွား၊ ခြံမြေ စသည့် ပိုင်ဆိုင်မှုများအား ပေါင်နှံ ရောင်းချကာ ပြည်ပနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ လစဉ်ထွက်ခွာနေကြသည်။

လက်ရှိ စစ်ရေးပဋိပက္ခ ပြင်းထန်နေချိန်တွင်လည်း ရရာနည်းလမ်းဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေသည့် ရခိုင်ဒေသခံများမှာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံရမှုများ ရှိနေသည်။

ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...