ကလောမြို့ ရေကြီး မြေပြိုမှု လူသေမှုများသော်လည်း ရုပ်အလောင်း ၈ လောင်း တွေ့ရှိ

ကလောမြို့ ရေကြီး မြေပြိုမှု လူသေမှုများသော်လည်း ရုပ်အလောင်း ၈ လောင်း တွေ့ရှိ

သျှမ်းတောင်၊ ကလောမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့က စတင် ဖြစ်ပွားနေသည့် ရေကြီး မြေပြိုမှုများကြောင့် လူသေဆုံးမှုများ ရှိနေရာ ကနဦး ရုပ်အလောင်း ၈ လောင်း ရှာဖွေ တွေ့ရှိထားကြောင်း ကူညီကယ်ဆယ်ရာတွင် ပါဝင်နေသူ တဦးက ယနေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် ပြောသည်။

ရေဘေးကြောင့် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့် ကလောမြို့တွင် လက်ရှိ MPT ဖုန်းလိုင်းများ ပြန်ရနေသော်လည်း ဆက်သွယ်မှု မကောင်းမွန်သေးကြောင်း၊ ရေကျနေပြီဖြစ်ကြောင်း၊ မြေပြိုမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

“ ရေကြီးတာ အဆိုးဆုံးက ရပ်ကွက် (၄)၊ ရပ်ကွက် (၂) နဲ့ (၃)၊ အဲရပ်ကွက်တွေ က ချောင်းဘေးတောက်လျှာက်အကုန်မြုပ်တယ်။ နန်းသဲဘက်ကောပဲ။ မြေပြိုတာ အဆိုးဆုံးက မြို့အထွက်ဘက်က လက်ဆောင်ပစ္စည်းရောင်းတဲ့ ဆိုင်တန်းတွေ။ တခြားရပ်ကွက်တွေမှာ မြေပြိုတာ တချို့ရှိတယ်။ အခု အလောင်းတွေ့တာက ၈ လောင်း။ ကယ်ဆယ်ရေး လုပ်နေတုန်းဆိုတော့ မြေပြိုလို့ ပိနေတာ၊ ရေမျှောသွားတာတွေရှိနိုင်တယ်” ဟု ၎င်းက ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြောသည်။

လူမှုကွန်ရက်တွင် လူရာနှင့်ချီ သေဆုံးသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ကလောမြို့ပေါ် အနေနှင့် ရာနှင့်ချီ သေဆုံးသည် ဆိုသည်မှာ မဖြစ်နိုင်ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတဝှမ်း စံချိန်တင် ရေဘေးကြုံတွေ့နေရစဉ် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ ကျော် အမြင့်တွင် တည်ရှိသော ကလောမြို့တွင်လည်း ရေကြီးမှု ကြုံတွေ့နေရရာ ဆယ်စုနှစ်များစွာ အတွင်း အဆိုးဆုံး အခြေအနေ ဖြစ်သည်။

Most read this week

August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...