မွန်ညီညွတ်ရေးပါတီကို စစ်ကောင်စီ မှတ်ပုံတင် ခွင့်ပြု

မွန်ညီညွတ်ရေးပါတီကို စစ်ကောင်စီ မှတ်ပုံတင် ခွင့်ပြု

မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ MUP ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က စက်တင်ဘာ ၉ ရက်မှာ ပါတီမှတ်ပုံတင်ခွင့် ချပေးလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မွန်ညီညွတ်ရေးပါတီကို စက်တင်ဘာ ၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၉ နဲ့အညီ မှတ်ပုံတင်ခွင့်ပြုတာလို့ သိရပါတယ်။

ပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ ၅၂ ဖြစ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာ ပါတီရုံးချုပ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မွန်လူထုတွေရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့ပေမယ့် အာဏာသိမ်းချိန်မှာ စစ်ကောင်စီရဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီ ပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီမှတ်ပုံတင်ခွင့်ကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှာပြည်နယ်အဆင့်စည်းရုံးမယ့် ပါတီအဖြစ် လျှောက်ထားခဲ့တာပါ။

ဒါပေမယ့် ကာလရှည်ကြာ ပါတီမှတ်ပုံတင်ခွင့် မကျသေးတာကြောင့် ကရင်ပြည်နယ်အတွက် မွန်တိုးတက်ရေးပါတီအမည်နဲ့ ပါတီအသစ် တည်ထောင်ခွင့်လျှောက်ပြီး မှတ်ပုံတင်ခွင့်ကျခဲ့ပါတယ်။

အဲဒီနောက်ပိုင်း မွန်ညီညွတ်ရေးပါတီဟာ တစ်နှစ်ခွဲကျော်ကြာလာတဲ့အထိ ပါတီမှတ်ပုံတင်မကျသေးဘဲ ပါတီတချို့လည်း မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရတာတွေကြောင့် အလားတူ ငြင်းပယ်ခံရနိုင်မလားဆိုတဲ့သုံးသပ်မှုတွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်မှာ UEC က လာမယ့်နှစ် နှောင်းပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပါတီတွေကို ထုတ်ပြောထားတဲ့အတွက် ပါတီမှတ်ပုံတင်ကျဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းထားတဲ့ မွန်ညီညွတ်ရေးပါတီကို အခုလို ခွင့်ပြုလာတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လက်ရှိအချိန်အထိ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးက စစ်ကောင်စီအဖွဲ့ရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင်၊ နိုင်လယိတမက မွန်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်နဲ့ စီးပွားရေးရာဝန်ကြီး နေရာရယူထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...