အာဏာသိမ်းကာလအတွင်း အမျိုးသမီးတစ်ထောင်ကျော် သတ်ဖြတ်ခံထားရ

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတစ်ထောင်ကျော် သတ်ဖြတ်ခံထားရ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်သြဂုတ်လကုန်အထိ သုံးနှစ်ကျော်ကာလအတွင်း စစ်အုပ်စုသတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၁၁၀၀ ကျော်ကို အမည်နဲ့တကွ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ AAPP ရဲ့ “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုး သ မီးများ”ဆိုတဲ့ အစီရင်ခံစာအရ သေဆုံးသူအမျိုးသမီးတွေဟာ လက်နက်ကြီးထိမှန်တာ၊ လေ ကြောင်းတိုက်ခိုက်ခံရတာနဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်သတ်ဖြတ်တာအပြင် အခြားနည်းလမ်းနဲ့ သေဆုံးတာရှိပြီး အဲဒီထဲမှာ စစ်ကောင်စီဖမ်းဆီးပြီးတော့ သူတို့တရားဝင်ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ အကျဉ်းထောင်မှာ ရှစ်ဦး၊ ရဲစခန်းမှာ နှစ်ဦးနဲ့ စစ်ကြောရေးစခန်းတွေမှာလေးဦး သတ်ဖြတ်ခံခဲ့ရတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက တော့ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကို အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမျိုးသမီးတွေကို ဘယ်လောက်ထိ ဆိုးရွားလဲဆိုရင် တချို့ထောင်တွေမှာ အမျိုးသမီးတွေရဲ့ ရေ ချိုးတဲ့နေရာကို မြင်ရတဲ့နေရာမှာ CCTV တပ်တာတို့၊ အမျိုးသမီးတွေရဲ့ အိပ်ခန်းတွေကို ရှာဖွေရေး အကြောင်းပြပြီးမှ ဝင်မွှေတာတို့ ဒါတွေကိုလည်း လုပ်ကြတယ်ပေါ့နော်။ အဲဒီတော့ ဒီဆိုးဆိုးရွားရွားဆိုရင် အမျိုးသမီးတွေကို ပါးစပ်ကနေပေါ့နော်။ သားသမီးချင်းကိုယ်ချင်းမစာ၊ မောင်နှမချင်း ကိုယ်ချင်စာမှုမရှိဘဲနဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ၊ အသားယူတဲ့စကားလုံးတွေ သုံးစွဲပြီးမှ အ မျိုးသမီးတွေအပေါ်မှာ ဆက်ဆံတာမျိုးလည်း လုပ်နေတယ်ပေါ့။ ဒါကိုလည်း နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဉ်းသူတွေ ရင်ဆိုင်ခံစားနေကြရပါတယ်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသူတွေဆိုရင် အခြားအကျဉ်းသူတွေထက် ပိုမိုဖိနှိပ်တာ၊ အကြောင်းအမျိုးမျိုးပြ ရိုက်နှက်စစ်ဆေးတာတွေအပြင် နည်းအမျိုးမျိုး အသုံးချပြီး အနိုင်ကျင့်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သူကဆက်ပြောပါတယ်။

AAPP ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ နိုင်ငံရေးအကြောင်းပြချက်နဲ့ အမျိုးသမီး ၅၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူ အများစုဟာ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က အ များဆုံးပါဝင်နေပါတယ်။

အမျိုးသမီးတွေအပေါ် စစ်အုပ်စုရဲ့ တရားလက်လွှတ် ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ AAPP က တိုက်တွန်းထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...