ချင်းပြည်နယ်က အစိုးရဝန်ထမ်းအများစုလစာပုံမှန်လစာမရရှိခြင်းကြောင့် စားဝတ်နေရေးအခက်တွေ့

ချင်းပြည်နယ်က အစိုးရဝန်ထမ်းအများစုလစာပုံမှန်လစာမရရှိခြင်းကြောင့် စားဝတ်နေရေးအခက်တွေ့

ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းအများစု လစာမရရှိတာ ၃ လနီးပါးကြာမြင့်လာပြီး  မိသားစုစားဝတ်နေရေး အတွက် အကြပ်အတည်းပိုဆိုးလာတယ်လို့ ဟားခါးမြို့ကဌာနဆိုင်ရာ အစိုးရဝန်ထမ်းတစ်ဦးက Chin World Media ကို ပြောပါတယ်။

“ မြန်မာ့စီးပွားရေးဘဏ်မှာလည်း ငွေကမရှိတော့ဘူး။ ဌာနဆိုင်ရာက ဝန်ထမ်းတွေဆိုရင် အစိုးရက လစာမထုတ်ပေးနိုင်တော့တာ ၃ လလောက်ရှိနေပြီ” လို့ဟားခါးမြို့ကအစိုးရဝန်ထမ်း တစ်ဦးကပြောပါတယ်။

ချင်းပြည်နယ်က ဟားခါးမြို့နယ် ၊ဖလမ်းမြို့နယ်၊မင်းတပ်မြို့နယ်၊တီးတိန်မြို့နယ် နဲ့ခိုင်ကမ်းမြို့ ၅ မြို့မှာသာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးလည်ပတ်နိုင် တော့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ တီးတိန်မြို့က အစိုးရဝန်ထမ်းတွေဟာမေလအထိပဲလစာရသေးသလို  ဖလမ်းမြို့ကဝန်ထမ်းတွေက  ဇွန်လအထိပဲ လစာရရှိထားသေးကြောင်း ဒေသခံ တွေဆီကသိရပါတယ်။

ချင်းပြည်နယ်က အစိုးရဝန်ထမ်းလစာတွေကို ကလေးမြို့ရှိမြန်မာ့စီးပွားရေးဘဏ်ကနေ ထုတ်ပေး၊လွှဲပေးနေတာလို့သိရပါတယ်။

ချင်းပြည်နယ်မှာစစ်ကောင်စီလက်အောက် ကအစိုးရဝန်ထမ်းတာဝန်ထမ်းဆောင်နေရတဲ့ သူတွေကိုစစ်ကောင်စီအနေနဲ့ လစာ ပုံမှန်မထုတ်ပေးနိုင်တာကြောင့် ဝန်ထမ်း တွေရဲ့လူမှုဘဝအခြေအနေအကြပ် အတည်းပိုမိုခက်ခဲလာနေပါတယ်။

ချင်းပြည်နယ်အတွင်း ကုန်စျေးနှုန်းအဆတန်ကြီးမြင့်လာနေတဲ့အတွက် ဝန်ထမ်းမိသားစုတွေဟာ အခက်အခဲတွေနဲ့ ကြုံနေရကာ နိုင်ငံခြားက ဆွေမျိုးတွေရဲ့ စာနာမှုကူညီမှုတွေကြောင့်သာ အနည်းငယ်အဆင်ပြေကြတယ်လို့  ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

လူဦးရေ ၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို ထွက် ပြေးစစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိပဲ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

June 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ  ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို...
June 15, 2026
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ...
June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...
June 12, 2026
စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့...