ချင်းပြည်ကောင်စီ (CC) နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်သေးတယ်လို့ သိရ

ချင်းပြည်ကောင်စီ (CC) နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်သေးတယ်လို့ သိရ

ချင်းပြည်ကောင်စီ (CC)နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ Crisis Management Initiative (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံပြီး အချက်အလက်စုဆောင်းတဲ့ အခြေအနေမျိုးသာ ဖြစ်သေးကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။

Crisis Management Initiative (CMI) နဲ့ ချင်းညီနောင်ပါဝင်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC ) အပါအဝင် ချင်းပြည်ကောင်စီ (CC) တို့နဲ့ တစ်ဖွဲ့ခြင်း ဆွေးနွေးတိုင်ပင်တာကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ သြဂုတ်လ တတိယအပတ်ထဲ တွေ့ဆုံဖို့ ကနဦးရည်မှန်းထားပေမယ့် တွေ့ဆုံမယ့် ရက်ကို နှစ်ဘက်အဖွဲ့က ရက်ပြန်ရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။

ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်“CC နဲ့ CB အကြားတွေ့ကြမှာ မဟုတ်ဘူး တကယ်တော့ ICNCC နဲ့ ညှိနှိုင်းရေးအဖွဲ့က CMI တွေ့မယ် တွေ့တယ်ဆိုတာက သူက အခြေအနေက ဘယ်လိုရှိလဲဆိုတာကို မေးမြန်းမယ် အချက်အလက်စုဆောင်းမယ့် အခြေအနေဘဲရှိသေးတယ် CMI က ကြားကနေ ညှိနှိုင်းပေးတဲ့အဆင့်လည်း မဟုတ်ဘူး ICNCC နဲ့ CMI တွေ့မယ် CMI ကလည်း မေးမြန်းဆွေးနွေးမယ် တချို့အချက်အလက်လေးတွေပေါ့နော် ဘာလည်း၊ ဘယ်လိုလဲ ၊ ဘာဖြစ်ကြတာလဲ ဆိုတာမျိုးမေးမြန်းမယ် အချက်အလက်စုဆောင်းတာပါဘဲ ပြီးတော့ CMI က CC နဲ့လည်း သွားတွေ့မယ် ခုနလိုဘဲ အချက်အလက် စုဆောင်းမယ် ပြီးမှဘဲ နောက်တဆင့်ကြမှဘဲ လာအုန်းမှာပေါ့နော် “လို့ Chin World Media ကိုပြောပါတယ်။

CBနဲ့လည်း မဟုတ်ဘူး ICNCC နဲ့ Crisis Management Initiative (CMI) တစ်ဖွဲ့ချင်း အရင်တွေ့ဆုံမှာမျိုးဖြစ်တဲ့အကြောင်း ချင်းအမျိုးသားတပ်ဦး (CNF/A ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း Chin World Media ကိုပြောပါတယ်။

ချင်းညီနောင်အဖွဲ့အနေနဲ့ CMI နဲ့ တွေ့ဆုံဆွေးနွေးတာကို ချင်းညီနောင်အဖွဲ့ပါဝင်တဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အနေနဲ့ ပါဝင်တွေ့ဆုံမှာဖြစ်ပါတယ်။

(CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်ကာ CMI နဲ့ တဖွဲ့ခြင်းတွေ့ဆုံမယ့်ရက်ကိုတော့မသိရသေးပါ။

Crisis Management Initiative (CMI) အဖွဲ့အစည်းကတော့ ဖင်လန်နိုင်ငံ ၊ ဟဲစီကီမြို့မှာ ၂၀၀၀ ခုနှစ် လောက်ကတည်ထောင်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ (NGO) အဖွဲ့အစည်းဖြစ်ပြီး ပဠိပက္ခဖြေရှင်းရန် ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း သိရပါတယ်။

ချင်းတော်လှန်ရေး အချင်းချင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဠိပက္ခတွေတွေကို ပြေလည်နိုင် Crisis Management Initiative (CMI) က ကြားခံအဖွဲ့အဖြစ် တွေ့ဆုံညှိနှိုင်းတာတွေလုပ်ဖို့ ပါဝင်တာလည်းဖြစ်ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...