တရုတ်စီမံကိန်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

တရုတ်စီမံကိန်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်ထိန်းသိမ်းကာကွယ်သွားမယ်လို့ စစ်ခေါင်းဆောင်က တရုတ်သံအမတ်ကြီး မစ္စမာကျားကို ပြောပါတယ်။

ဩဂုတ် ၂၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက သူ့ရဲ့သံအမတ်ခန့်အပ်လွှာပေးအပ်ချိန်မှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင်က မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် တရုတ်နိုင်ငံလုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမယ့် ဘယ်ကိစ္စရပ်ကိုမဆို ခွင့်ပြု မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေထဲက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသနဲ့ ဆက်စပ်ဒေသတွင်းက စီမံကိန်းတွေကိုတော့ တော်လှန်ရေးအဖွဲ့တွေ လက်ထဲထိန်းချုပ်ခံထားရတာပါ။

ISP-Myanmar ရဲ့ အချက်အလက်အရ ရှမ်းမြောက်အပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု ၁၉ ခုရှိတဲ့ထဲက ၁၀ ခုကို EAOs တွေနဲ့ PDF တွေက အ ပြည့်အဝ ထိန်းချုပ်ထားပါတယ်။

ရှမ်းမြောက်အတွင်းရှိ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ် အားလိုင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း – ရေကြောင်းကုန်သွယ်ရေး စင်္ကြံသစ်တို့အပြင် မူဆယ် -မန္တလေးရထားလမ်းနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း EAOs တွေက ထိန်းချုပ်ထားတာပါ။

ရခိုင်ပြည်နယ်မှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိတဲ့ထဲက ၉ ခုကို အာရက္ခတပ်တော် AA က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတယ်လို့ ISP – Myanmar ရဲ့ အချက်အလက်‌တွေက ဖော် ပြပါတယ်။

အဲဒီထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရ ထားလမ်း၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာ-တရုတ်နယ်စပ်ရှိ တရားဝင်ကုန်သွယ်ရေးစခန်းနဲ့ ဂိတ် ၈ ခုထဲက ၆ ခုကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း EAOs တွေက ထိန်းချုပ်ထားတယ်လို့ ISP-Myanmar က ဩဂုတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...