လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ ကျေးရွာတွေကို စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက် နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ လောင်းလုံး PDF ထံကနေ သိရပါတယ်။

မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဩဂုတ် ၁၈ ရက်နေ့ကစတင်ပြီး သဲပုံတောင်စစ်ကောင်စီတပ်စခန်းနဲ့ သဘော့ဆိပ်ရွာ အနောက်ဘက် ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ စစ်သင်္ဘောကနေ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကရင်ကြီးကျေးရွာတွေဘက်ကို နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ် ခတ်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကရင်ကြီးကျေးရွာတွေက ဒေသခပြည်သူ ၃၀၀၀ ကျော်ဟာ လောင်းလုံးမြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေဘက်ကို ထွက် ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအတွင်း ပြင်ကြီးကျေးရွာက ဒေသ ခံနေအိမ် ၄ လုံးထက်မနည်း ပျက်စီးထားသလို အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရှိထားတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ တစ်နေ့လျှင် အကြိမ် ၂၀ ထက်မနည်း ရှိနေပြီး ဒီပစ်ခတ်မှုဟာ ဦး တည်ချက်မရှိဘဲ ရမ်းသမ်းပစ်ခတ်မှုဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက် ညနေပိုင်းက လောင်းလုံးမြို့နယ် မောင်းမကန်နဲ့ ထားဝယ်မြို့ပေါ် မှာ ပစ် ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က PDF တွေ သွားလာလှုပ်ရှားတတ်တဲ့ နေရာတွေကို ခန့်မှန်းပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

ဒေသတွင်း သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Taninthary ရဲ့ ပြုစုထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ၆၀,၀၀၀ ကျော်အထိရှိ တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...