မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကတိပြု

မွန်ပြည်တည်ထောင်မယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကတိပြု

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ  မွန်လူမျိုးတို့ကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်ယူနစ်တစ်ခုထွက်ပေါ်နိုင်ဖို့  အားထုတ်ကြိုးပမ်းသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ကတိပြုကြောင်း မွန်တော်လှန်ရေးနေ့မှာ ကြေညာပါတယ်။

ဒီနေ့ သြဂုတ် ၁၉ ရက်နေ့ ဝါခေါင်လပြည့်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်ပြည်တော်လှန်ရေးနေ့အတွက် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်ဒေသတွေအတွင်း တော်လှန်ရေးအင်အားစုတွေ ဆင်နွှဲနေတဲ့ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ အထူးပင်ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်အာဏာရှင်စနစ်မဆို တိုက်ဖျက်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို တတပ်တအား ပါဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းနဲ့ သမိုင်းအစဉ်အလာကြီးမားသော မွန်ပြည်သူလူထုတရပ်လုံးလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ယူနစ်တစ်ခု ပေါ်ပေါက်လာရေးအတွက် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှာ မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီကနေ ကောင်စီအဖြစ် အသွင်းပြောင်းခဲ့ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ လက်အောက်မှာတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရှိနေပြီး လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေတာပါ။

တဖက်မှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားလှယ်သုံးဦး စေလွှတ်ထားပါတယ်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...