ကျီန္တလီမြို့ ဗုံးကြဲခံရမှု အရပ်သား ၁၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

ကျီန္တလီမြို့ ဗုံးကြဲခံရမှု အရပ်သား ၁၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင်း ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၁၁ ဦးသေဆုံးပြီး၊ ၁၁ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဩဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းအချိန် ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲမှုကြောင့်  မြို့အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းကို ကျရောက်ပေါက်ကွဲပြီး အရပ်သားများ သေဆုံးဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

“မြို့တွင်းမှာ ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ကို ဘုရားကျောင်းကို တိုက်ခိုက်ခဲ့လို့ အဲဒီကျောင်းမှာ ခိုလှုံနေတဲ့သူတွေ ထိခိုက်သေဆုံးသွားတာ။ သေဆုံးသွားတဲ့အထဲမှာ ကလေးနှစ်ဦးပါတယ်။ နောက် အမျိုးသမီး ၆ ဦးပါတယ်။ အမျိုးသားတွေလည်းပါတယ်” ဟု ဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးဒဏ်ရာရရှိသွားသူမှာ ကျိန္တလီမြို့ အမှတ်(၂) ရပ်ကွက်မှ ဒေသခံများဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြသူများဖြစ်သည်။

ဒဏ်ရာရရှိသွားသူများထဲတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၅ ဦးပါဝင်ပြီး AA က ဆေးကုသပေးနေကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မငြိမ်းရတီ (၁၂) နှစ်၊ မောင်လှမင်းထွန်း (၁၅) နှစ်၊ မဇင်မျိုးထွန်း (၂၁) နှစ်၊ ဒေါ်လှဆန်း (၃၀) နှစ်၊ ဒေါ်ခင်မိုးဝေ (၃၇) နှစ်၊ ဒေါ်ကြူကြူဝင်း (၆၁) နှစ်၊ ဒေါ်ညွန့်တင် (၆၃) နှစ်၊ ဒေါ်လှလှဝင်း (၆၅) နှစ်၊ ကိုပြည့်ဖြိုးအောင်(၂၉) နှစ်၊ ဦးမင်းထွန်းသိန်း (၃၈) နှစ်နှင့် ဦးကျော်စိန် (၆၃) နှစ်တို့ဖြစ်သည်။

ကျိန္တလီမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော်(AA)၏  ထိုးစစ်ကြောင့် ဩဂုတ် ၁၃ ရက်တွင် ကုလားပြင်ဘက်သို့ တပ်ဆုတ်သွားပြီးနောက်တွင် မြို့တွင်း တိုက်ပွဲမရှိတော့ခြင်းဖြစ်သည်။ ယင်းအချိန်မှစ၍ ကျိန္တလီဒေသတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေကြောင်း သိရသည်။

ရခိုင်က တက်ကြွလှုပ်ရှားသူတစ်ဦးက “တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်ခတ်တာ မပြောလိုဘူး။ တိုက်ပွဲမဖြစ်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားပစ်ခတ်တာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တယ်။ အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကို နိုင်ငံတကာက ထိထိရောက်ရောက် အရေးယူလိုဖို့ လိုအပ်လာပြီ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ ခံစစ်ပြင်ဆင်ထားသည့် ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်) ရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသည်။

သို့သော်လည်း ကုလားပြင်တံတားကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကျိန္တလီဒေသခံများမှာ ဂွမြို့သို့ သွားရန် အခက်အခဲဖြစ်နေကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...