ရခိုင်တွင် တစ်ခုတည်းသောတိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် မာန်အောင်မြို့နယ်တွင် စစ်အင်အားတိုးချနေ

ရခိုင်တွင် တစ်ခုတည်းသောတိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသည့် မာန်အောင်မြို့နယ်တွင် စစ်အင်အားတိုးချနေ

ရခိုင်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၆ မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း လုံး၀ မရှိသေးသည့် မာန်အောင်မြို့နယ်တွင် စစ်ကောင်စီက တစ်ကျွန်းလုံးရှိ နေရာအနှံ့အပြားတွင် စစ်အင်အားတိုးချပြီး နေရာယူထားသည်ဟု  သတင်းရရှိသည်။

မာန်အောင်မြို့တွင် သြဂုတ်လအတွင်း လေယာဥ်ကွင်း၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ သစ်ပုံကျေးရွာနှင့် သစ်ပုံအုပ်စု ဘုတ်ဆိပ်တွင်လည်း စစ်အင်အားများတို့ချဲ့ချထားသလို မြို့အဝင်အထွက်ကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးမှုများရှိနေသည်ဟု မာန်အောင်ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“သစ်ပုံဘုတ်ဆိတ်မှာ အရင်ကထက် လုံခြုံရေးတိုးချထားတယ်။ ထွေအုပ်ရုံးနဲ့ လေယာဥ်ကွင်း မှာလည်း တပ်စွဲထားပြီ။ နယ်ကင်းရဲစခန်းတွေမှာလည်း အဆင်သင့် နေရာ ယူထားကြပြီ။ စစ်ရေးအရတော်တော်ပြင်ဆင်နေတာကို တွေ့ရတယ်။ အာရက္ခတပ်တော်က တပ်ရင်းတွေ အများကြီးရှိတဲ့မြို့တွေကိုတောင် တစ်မြို့ပြီး တစ်မြို့တိုက်ခိုက်သိမ်းပိုက်လာနေပြီဆိုတော့ အခု မာန်အောင်မြို့ကိုလည်း သူတို့ကာကွယ်ဖို့အတွက် အကြီးအကျယ်ပြင်ဆင်နေတယ်။ သစ်ပုံ ဘုတ်ဆိပ်မှာလည်း အဝင်အထွက်သွားလာနေကြတဲ့လူတွေကိုလည်း စစ်တယ်။ အဓိက ဖုန်းတွေနဲ့ ပါလာတဲ့ ခရီးဆောင်အိတ်တွေ စစ်တယ်”ဟု ပြောသည်။

မာန်အောင်ကို AAတိုက်ခိုက်လာပါ ပြန်လည် တုံ့ပြန် တိုက်ခိုက်နိုင်ရန် စစ်ရေယာဉ်များကို ရမ်းဗြဲ ကျောက်နီမော် အနီးတွင် တစ်စီး၊ ရမ်းဗြဲမြို့နယ်၊ သရက်ချိုကျေးရွာနှင့် တစ်ဘက်ကမ်းရှိ မာန်အေင်မြို့နယ် သစ်ပုံချောင်းဝတွင် နှစ်စီး၊ မာန်အောင် မီးပြတိုက် အနီးတွင် တစ်စီးနှင့် ရဲကျွန်းအနီးတွင် တစ်စီး စသည်ဖြင့် နေရာယူထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါနေဗီအနီးအနားများအနီးတွင်လည်း တိုက်ခိုက်ရေး စပိဘုတ်များလည်းချထားသည်ဟု မာန်အောင်မြို့နယ်မှ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်လာရင် တိုက်ခိုက်ဖို့အတွက် ကြိုတင်အင်အားချပြီး နေရာ ယူထားကြတယ်။ မာန်အောင်က အဓိက ရေကြောင်းကအရေးပါတယ်ဆိုတော့ နေဗီတွေ အများကြီးချထားတယ်။ ရေတပ်အကူလိုက်ဖို့အတွက်ပေါ့နော်။ တိုက်ခိုက်ရေး စပိဘုတ်တွေလည်း ပါတယ်။ အခိုင်အမာလုပ်ထားကြတာ” ဟုပြောသည်။

မာန်အောင်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင်အကွာရှိ မြေနီတောင် ‌(ခေါ်) တောင်နီတောင် တစ်လျှောက်တွင်လည်း စစ်ကောင်စီက ကာကင်းစခန်းများ တိုးချဲ့ချထားပြီး မြေမြှုပ်မိုင်းများလည်း ထောင်ထားကြသည်ဟု မာန်အောင်ဒေသခံများက ပြောသည်။

ယင်းအပြင် သစ်ပုံချောင်းဝတွင် ရပ်နားထားသည့်နေဗီနှင့် စပိဘုတ်များမှ စစ်ကောင်စီ တပ်သားများသည် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့်ငါးဖမ်းစက်လှေများနှင့် ခရီးသည်တင် ဘုတ်များကို စစ်ဆေးကာ ငွေညှစ်တောင်းခံမှုများရှိကြောင်း သိရသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်ရှိ မောင်တောမြို့၊ သံတွဲ (မောင်ရွှေလေးရေတပ်) နှင့် ဂွမြို့နယ်မှ နေရာတချို့ကို တိုက်ခိုက်လျက်ရှိပြီး မာန်အောင်မြို့နယ်ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သည်ဟု စစ်ကောင်စီက သုံးသပ်ထားပုံရပြီး စစ်အင်အားကို တိုးချဲ့ချကာ မာန်အောင်ကျွန်း ပတ်ပတ်လည်တွင် နေရာယူထားခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာ သုံးသပ်သူများက‌ ပြောသည်။

ရခိုင်ဒေသအတွင်း အထက်တန်းကျောင်းသူ၊ ကျောင်းသားအချို့ စာသင်နေကြစဉ်။
June 6, 2026
မောင်စာဂ၊ နိရဉ္စရာ  — အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အာရက္ခအမျိုးသားပညာရေးဌာန(ဗဟို)...
June 5, 2026
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် ရခိုင်ရိုးမအစပ်ရှိ ကြောင်လျှာရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏...
June 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ မာန်အောင်မြို့တွင် လျှပ်စစ်မီးသည် တစ်နေ့လျှင် ၁...
ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...