ရှုပ်ထွေးနေသော မောင်တောမြို့တွင်းတိုက်ပွဲ

ရှုပ်ထွေးနေသော မောင်တောမြို့တွင်းတိုက်ပွဲ

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့ကို အာရက္ခတပ်တော်က ဇွန်လ ၁၆ ရက်မှစ၍ တရားဝင်ကြေညာပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။

AA တပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲ၊ ကြိမ်ချောင်းနှင့် တောင်ပိုင်း အင်းဒင်၊ ကျောက်ပန္ဒူ၊ အလယ်သံကျော်၊ အရှေ့ဘက် ဘူးသီးတောင်-မောင်တောကားလမ်း မေယုတောင်တန်းကနေ ဝိုင်းရံပိတ်ဆို့ပြီး စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။

လက်ရှိတွင် မောင်တောမြို့ကို ဘေးပတ်ပတ်လည်ကနေ AA က ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့(ဩဂုတ် ၆)၊ နံနက် ၆ နာရီခန့်ကစ၍ တိုက်ပွဲများပိုမိုပြင်းထန်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မောင်တောမြို့တစ်ခုလုံးကို AA က ဝိုင်းရံပြီးတော့ ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲက မနက်ကတည်းက ဖြစ်နေတာ။ မြို့ထဲမှာလည်းဖြစ်တယ်။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့လှမ်းပြီးတော့ ပစ်နေတယ်။ ဒီနေ့က တိုက်ပွဲအပြင်းထန်ဆုံးလို့ ပြောနိုင်တယ်” ဟု ပြောသည်။

AA ထိုးစစ်ဆင်မှုကို စစ်ကောင်စီ၏ လက်ကျန်တပ် နခခ(၅) မြို့သူကြီးမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူများမှာ နေစဉ်နှင့်အမျှရှိနေကြောင်း သိရသည်။

ရွှေဇားတံတားအောက်တွင် အထိုင်ချထားသော စစ်ကောင်စီစခန်းကို ဩဂုတ်လ ၃ ရက်တွင် AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအတွင်း အမှတ်(၄) ရပ်ကွက်မှ ကျောင်းဆရာမ ဒေါ်မိဖြူ သေဆုံးသွားကာ သားဖြစ်သူမှာ ဒဏ်ရာရရှိသွားခဲ့သည်။

“အဲဒီနေ့က နခခ(၅)က ပစ်လိုက်တဲ့ လက်နက်ကြီးက ဆေးရုံရှေ့က လမ်းမှာကျတယ်။ အဲဒီလက်နက်ကြီး ကျည်ကျပြီးတော့ ကျောင်းဆရာမတစ်ယောက် သေတယ်။ သူရဲ့သားမှာလည်း ခန္ဓာကိုယ်မှာ ဒဏ်ရာရသွားတယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်မှုများကြောင့် မောင်တောဒေသခံ မွတ်ဆလင်များ သေဆုံးဒဏ်ရာမှုရှိနေကြောင်း သိရပြီး အသေးစိတ်ကို DMG က စုံစမ်းနေဆဲ ဖြစ်သည်။

မောင်တောမြို့ထဲတွင် စစ်ကောင်စီနှင့် ARSA၊ RSO လက်နက်ကိုင်များက ပိတ်မိနေသည့် အရပ်သားများအား ဖမ်းဆီးမှုများရှိပြီး၊ ငွေညှစ်တောင်းခံမှုပြုလုပ်နေကြောင်း သိရသည်။

RSO အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များမှာ ဩဂုတ်လ ၄ ရက် ညဉ့်အချိန်တွင် မောင်တောမြို့မှ ထွက်ပြေးသွားပြီ ဖြစ်ကြောင်းလည်း မွတ်ဆလင်သတင်းရင်းမြစ်များက ပြောကြသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “မောင်တောတိုက်ပွဲဟာ မြေပြင်မှာ တခြားမြို့တွေထက် ရှုပ်ထွေးနေတယ်။ အဓိက မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ စစ်ကောင်စီနဲ့ ပူးပေါင်းခုခံတာရယ်၊ မြို့တွင်းမှာပိတ်မိနေတဲ့ မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူတွေ ရှိနေတာကြောင့် နှစ်ဘက်စလုံးက တိုက်ပွဲဖော်ဆောင်မှုမှာ ပိုပြီး သတိထားရတဲ့ အနေအထားမြင်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့လည်း တစ်ဖက်တစ်ကမ်းဆိုတော့ ကျည်ဆံအမြောက်တွေ ဟိုဘက်မကျအောင် ထိန်းသိမ်းတိုက်ရတဲ့ အနေအထားလို့ ပြောရမှာပါ” ဟု ပြောသည်။

မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ် - မြန်မာ တရားဝင်နယ်စပ်ကုန်သွယ်ရေး ကညင်ချောင်းစီးပွားရေးဇုန်ရှိနေပြီး  စစ်ကောင်စီအတွက် နိုင်ငံခြားဒေါ်လာ ဝင်ငွေများစွာကို ရှာပေးနေသည့် နေရာလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...