မောင်တောတိုက်ပွဲဆက်လက်ပြင်းထန်နေ

မောင်တောတိုက်ပွဲဆက်လက်ပြင်းထန်နေ

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် တိုက်ပွဲများ အထူးပြင်းထန်နေပြီး လေယာဉ်ပေါ်မှ ဗုံးကြဲချသံ၊ ဒရုန်းမှ ဗုံးချသံ၊ လက်နက်ကြီးသံများဖြင့် ဆူညံနေသည်ဟု ဩဂုတ်လ ၄ ရက်နေ့ တွင် ဒေသခံများကို ဆက်သွယ်မေးမြန်းမှုများအရ သိရသည်။

ဟိန္ဒူလူမျိုး ဒေသခံ တစ်ဦးက “ ဖုန်းပြောလို့ မရအောင်ထိ သေနတ်သံတွေ ဆူညံနေပါတယ်။ အိမ်ထဲက အိမ်ပြင်ထွက်လို့ မရပါ။ ဂျက်နဲ့ ဗုံးလာကြဲ၊ လက်နက်ကြီးနဲ့ပစ်။ ဒီလောက်ပစ်တာ အရပ်သားတွေလည်း ထိခိုက်တာရှိမယ်ထင်ပါတယ်။သတင်းတော့ မရသေးပါဘူး။ အကုန်လုံး အဆက်အသွယ်ပြတ်တောက်နေပါတယ်”  ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည် နယ်ခြားစောင့်ရဲကွက်ကဲမှုအဖွဲ့ရုံး (နခခ) (၅)အပါအဝင် မြို့ပတ်လည်ရှိ စစ်ကောင်စီ၊ အာဆာတပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များ နေရာယူထားကြသည့် ခြေကုတ်စခန်းများအား ဩဂုတ်လ ၃ ရက် ညနေပိုင်းမှ ပြန်လည်စတင် ထိုးစစ်ဆင်တိုက်ခိုက်‌ခဲ့ပြီး  ဩဂုတ်လ ၄ ရက် နေ့တွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးလျှက်ရှိနေသည်ဟု မောင်တောမြို့ဦးရွာဒေသခံ မွတ်ဆလင် တစ်ဦးက ပြောသည်။

" ဒီနေ့မနက်မှာ ရွှေဇားကျေးရွာအုပ်စုဖက်က နယ်ခြား‌စောင့်နဲ့ စစ်သား အယောက် ၂၀ ကျော်လောက် ရွှေဇားချောင်းကို ကူးပြီး မြို့ဦးရွာဖက်ကို ထွက်ပြေးလာကြတာ‌ တွေ့ရတယ်။ သေနတ်တွေလည်း ပါတယ်။ မြို့ထဲကို ဝင်သွားကြတယ်။ ရွှေဇားတံတားကို အေအေဖက်က သိမ်းလိုက်တော့ တံတားက ဖြတ်သွားလို့မရတောဘူး။ ရွှေဇားချောင်းမှာလည်း နယ်ခြား‌စောင့်နဲ့ မွတ်ဆလင် စစ်သားအလောင်းတွေ တွေ့ရတယ်" ဟု ပြောကြားသည်။

ရွှေဇားတံတားရှိ စစ်ကောင်စီစခန်းအား ဩဂုတ်လ(၃)ရက် နေ့လယ်ပိုင်း၌ AA မှ သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး ရွှေဇားကျေးရွာအုပ်စုရှိ ကျေးရွာများ အတွင်းရှိ စစ်ကောင်စီခြေကုတ်စခန်းအား လုံးအား  ညအချိန်၌ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်များနှင့် စစ်သင်တန်းဆင်း မွတ်ဆလင် စစ်သားများမှာ  အကျအဆုံးများစွာဖြင့် အရပ်ဝတ်များ ဝတ်ကာ ထွက်ပြေးနေကြသည်ဟု ပြောဆိုသည်။

ထိုသို့ထွက်ပြေးလာခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲများအား အာရက္ခတပ်တော်မှ ဒရုန်းများဖြင့် လိုက်လံ တိုက်ခိုက်သဖြင့် စစ်ကောင်စီနှင့် ပူးပေါင်း အာဆာတပ်ဖွဲ့တို့မှာ  မြို့အတွင်းရှိ‌ ဈေးဆိုင်ခန်းများ၊ လူနေအိမ်များ အတွင်း ပြေးဝင် ခိုလှုံနေကြကြောင်း ဒေသခံများကပြောဆိုသည်။

"ရွှေဇားဖက်ကစစ်‌ကောင်စီတပ်ဖွဲ့‌ တွေကမနေ့ကညကတဲ့က ထွက်ပြေးလာနေကြတာ။အေအေ ဖက်က ဒရုန်းတွေနဲ့လိုက်ပြီးဗုံးချနေတော လူနေရပ်ကွက်က လမ်းတွေကို ဝင်ပြေးကြတယ်။ မိုးကလည်း အဆက်မပြတ်ရွာနေတောမြို့တွင်းကဈေးဆိုင်တန်းတွေမှာ ခိုလှုံနေကြတာတွေတယ်။ မွတ်ဆလင် စစ်သားတွေကတော့ မွတ်ဆလင်ရွာဖက်တွေကို ထွက်ပြေးကြမယ်ထင်တယ်။ ဒီနေ့ မနက်မှာလည်း ၃ ဦးတစ်ဖွဲ့ ‌ ၅ ဦးတစ်ဖွဲ့ထွက်‌ ပြေးလာကြတာတွေ့တယ်။ ဘယ်က ပြေးလာ ကြတာလည်းတော့ မသိဘူး"လို့ မျက်မြင်ဒေသခံ တစ်ဦးကပြောဆိုသည်။

မောင်တောမြို့အား ပိတ်ဆို့ထားသည့် စစ်ကောင်စီ၏‌ ခြေကုတ်စခန်းများဖြစ်ကြသည့် ရွှေဇား၊ ဟာဘီ၊ ဘက္ကာဂုံးနား၊ လသာ၊ဇူလ၊မြို့မကညင်တန်း၊ ဗိုလ်မှူးရွာ စသည့်‌ နေရာများအားလုံးအား အာရက္ခ တပ်တော်မှ  ဩဂုတ်လ(၃)ရက် ညနေ ၃ နာရီမှစပြီး တစ်ညလုံး အပြင်းအထန် ထိုး စစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီကလည်း ဩဂုတ်လ ၄ ရက်နေ့နံနက်တွင် ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် နခခ (၅)အနီးဝန်းကျင်အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မောင်တောမြို့ပတ်လည်၌တိုက်ပွဲများဆက်လက်ဖြစ်ပွါးလျှက်ရှိနေပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများပစ်ခတ်နေသလို စစ်ကောင်စီခြေကုန်စခန်းများအားလုံးနှင့် စစ်ကောင်စီ တပ်ဖွဲ့များ ခိုလှုံနေကြသည့် နေရာများကိုပါ AA ကဗုံးချတိုက်ခိုက်လျှက် ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...