မောင်တောတွင် ရပ်ကွက်တစ်ခုကို လူငယ် ၃၀စီ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူရာမှ မွတ်ဆလင်လူငယ်ရာနှင့်ချီပြီး ဘင်္ဂလားဘက်သို့ ထွက်ပြေး

မောင်တောတွင် ရပ်ကွက်တစ်ခုကို လူငယ် ၃၀စီ စစ်သင်တန်းတက်ရောက်ရန် ခေါ်ယူရာမှ မွတ်ဆလင်လူငယ်ရာနှင့်ချီပြီး ဘင်္ဂလားဘက်သို့ ထွက်ပြေး

ရခိုင်ပြည် အနောက်ဘက်စွန်ဆုံးမြို့ဖြစ်သည့် မောင်တောမြို့၌ ရပ်ကွက် တစ်ခုလျှင် လူငယ် ၃၀ ဦးစီ ရက်တို စစ်သင်တန်းတက်ရန်  စစ်ကောင်စီက အတင်းဓမ္မတောင်းခံနေ၍ လူငယ်အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။

မြို့မကညင်တန်းရပ်ကွက်မှ မွတ်ဆလင် လူကြီးတစ်ဦးက "ရပ်ကွက်တစ်ခုကို လူငယ်အယောက် ၃၀ စစ်မှုထမ်းဖို့‌ စု‌ဆောင်းပေးရမယ်။ စစ်သင်တန်း  တက်ရမယ်လို့ ထပ်မံ အသိပေးလာတယ်။ မလိုက်နာရင် ဖမ်းဆီးမယ်။ ပစ်သတ်မယ်။ အဲသလိုမျိုး ခြိမ်း‌ခြောက်ပြောတယ်။ လူငယ်‌တွေက လက်နက်ကိုင်ပြီး တိုက်ပွဲ မဝင်ချင်ကြဘူး။ အမေအဖေတွေနဲ့ မိသားစုတွေလည်း သဘောမတူကြဘူး။ သူတို့ဆီမှာလည်း အဖမ်းမခံနိုင်ဘူး။ ဖမ်းမိရင်  အဓမ္မစစ်တိုက်ခိုင်းကြမှာ။ ဒါကြောင့် ဘင်္ဂလား‌ဖက်ကို လူငယ်တွေ ထွက်‌ပြေးသွာကြရတယ်"ဟု ပြောကြားသည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အာဆာ၊ အာရ်အက်စ်အို လက်နက်ကိုင်တပ်ဖွဲ့ များသည်  မောင်တောမြို့ပေါ်ရှိမွတ်ဆလင်ရပ်ကွက်၊ ကျေးရွာများရှိ လူငယ်များအား နည်းမျိုးစုံဖြင့် စည်းရုံးပြီး အာရက္ခတပ်တော်အား ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် လူသစ်များ စုဆောင်းကာ ရက်တိုစစ်သင်တန်းများ ပေးလျှက် ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။

"ပညာမတတ်၊ မသိနားမလည်ကြတဲ့ လူငယ်တွေကို စည်းရုံးလို့ရနေကြတာတွေ ရှိတယ်။ ပညာ  တတ်ပြီး သိရှိနားလည်ကြတဲ့ ဘယ်မွတ်ဆလင်လူငယ်မှ စစ်ကောင်စီဖက်မှဝင်ရောက်ပြီး လက်နက်ကိုင် စစ်တိုက်မပေးဘူး။ ဘင်္ဂလားဖက်က ခေါ်လာတဲ့လူငယ်တွေလည်း မသိနားမလည်တဲ့ အရွယ်လေးတွေဖြစ်နေတာတွေ့ရတယ်။ စစ်တပ်ကအင်အား မရှိတောဘူး။ ကျွန်တော်တို့ မွတ်ဆလင် လူငယ်တွေကို လက်နက်ကိုင်ခိုင်းပြီး အသုံးချနေတာ" ဟု ဒေသခံ မွတ်ဆလင် လူကြီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသည်သူ၏ လက်ကိုင်တုတ်များဖြစ်ကြသည့် ARSA၊RSO၊ARA လက်နက်ကိုင် အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မွတ်ဆလင်လူငယ်များအား ဘင်္ဂလာနယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မောင်တောဖက်သို့ ခေါ်ယူကာ စစ်မှုထမ်းခိုင်း‌သောကြောင့် လက်ရှိတွင် လူငယ် ၂၀၀၀ ကျော်ခန့်သည် စစ်ကောင်စီလက်အောက်၌ စစ်မှုထမ်းပြီး လက်နက်ကိုင် တိုက်ပွဲဝင်လျှက် ရှိနေကြသည်ဟု သိရသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ နေ့ ၌ မောင်တောမြို့ အနီးဝန်းကျင်တွင် အေအေနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီသင်တန်းဆင်းပြီးစ မွတ်ဆလင်လူငယ်များနှင့် တစ်ခြားလက်နက်ကိုင် အဖွဲ့များမှ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကျဆုံးခဲ့ရသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ခွဲ့နခခ( ၅ )နှင့် မြို့သိမ်း တိုက်ပွဲ၌ အာရက္ခတပ်တော်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီနှင့် အပေါင်းအပါ  လက်နက်ကိုင်တပ်ဖွဲများမှလည်း အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက် လျှက်ရှိနေကြောင်း သိရသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...