မောင်တောတွင် ARSA ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

မောင်တောတွင် ARSA ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် အရပ်သားကားတစ်စီးကို အာဆာ (ARSA)  အဖွဲ့က ခြုံခိုပစ်ခတ်မှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး၊ ၂ ဦး ပြင်းထန်ဒဏ်ရာရှိသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

မောင်တောမြို့ ကြိမ်ချောင်းသို့ ကုန်ပစ္စည်းဝယ်ယူရန်လာကြသည့် ဘူးသီတောင်မြို့မှ စစ်ဘေးရှောင် အမျိုးသား ၆ ဦး၊ အမျိုးသမီး  ၁ ဦး လိုက်ပါလာသော  တေဘာကားကို မောင်တောမြို့နယ် ရွှေတောင်ကျေးရွာနှင့် ကျီးကန်းပြင်တောင်ရွာကြား၊ ၃မိုင် - ကျီးကန်းပြင် ကားလမ်းမပေါ်တွင် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ဇူလိုင် ၃၁ ရက်၊ ညနေ ၅ နာရီခွဲလောက်ကဖြစ်သွားတာ။ သူတို့က ဘူးသီးတောင်က စစ်ဘေးရှောင်တွေဖြစ်တယ်။ ကြိမ်ချောင်းကို စားသောက်ကုန်ပစ္စည်းတွေ ဝယ်ဖို့ ကားနဲ့သွားကြတာ။ အဲဒီမှာ အာဆာအကြမ်းဖက်အဖွဲ့က လမ်းမဘေးကနေ အသင့်စောင့်ဆိုင်းပြီး လုပ်ကြံပစ်ခတ်တာ” ဟု ရွှေတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

ဖြစ်စဉ်အတွင်း သေဆုံးဒဏ်ရာရသူများမှာ ဘူးသီးတောင်မြိုနယ်၊ ကံ့ကော်မြိုင်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ဘူးသီးတောင်မြို့ခံများဖြစ်ပြီး အဆိုပါကျေးရွာမှ ကြိမ်ချောင်းသို့သွားစဉ် လုပ်ကြံခံရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဘူးသီတောင်မြို့၊ အမှတ် (၄) ရပ်ကွက်မှ ဦးဇော်ဇော်မင်း (၃၅)နှစ်၊ ကိုအောင်မြတ်စံ (၂၅)နှစ်၊ ကိုအောင်မျိုးစံ (၂၅)နှစ်၊ ဦးကျော်မင်း (၅၅)နှစ်၊ ဒေါ်စိန်လှဖြူ(၅၅)နှစ် ဖြစ်ပြီး ဒဏ်ရာသူများမှာ မျိုးသန်းရှိန်(၂၇)နှစ်၊ ဦးမောင်မောင်ချေ (၄၄) နှစ်တို့ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်စွာရရှိသူ ၂ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး လက်ရှိတွင် အာရက္ခတပ်တော်(AA)က ဆေးကုသမှုပေးနေကြောင်း သိရသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ ARA၊ RSO တို့သည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင်တကြောတွင် အခြေချလှုပ်ရှားပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပြေးဆွဲခြင်း စသည်တို့ လုပ်ဆောင်လျက်ရှိပြီး ဒေသခံများမှာ လုံခြုံမှု ကင်းမဲ့နေသည်။

“မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေက ဘူးသီးတောင်၊ မောင်တော၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ ပြောက်ကျားစနစ်နဲ့ အုပ်စိုးနေတယ်။ ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်တာတွေကို နေ့စဉ်နဲ့အမျှလုပ်တယ်။ ခြုံခိုပြီးတော့ လုပ်တာပိုများတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီနှင့်ပူးပေါင်းကာ AA ကို ခုခံတိုက်ခိုက်နေပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များကိုလည်း အဓမ္မဖမ်းဆီးကာ စစ်ကောင်စီထံ စစ်သားအဖြစ် ရောင်းစားမှုများရှိနေသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...