မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ပို့ဆောင်ခံရသူအများအပြားသေဆုံးဟု သတင်းများထွက်လာ

မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများမှ ပို့ဆောင်ခံရသူအများအပြားသေဆုံးဟု သတင်းများထွက်လာ

အာရက္ခတပ်တော် (AA) ၏ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံး များနေပြီး ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ပို့ဆောင်ခံရသည့် စစ်သင်တန်းဆင်း မွတ်ဆလင် လူငယ်အများအပြားပါဝင်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရှိရသည်။

"မနေ့က မောင်တောမြို့ပတ်လည်ကတိုက်ပွဲ တွေမှာ စစ်ကောင်စီတပ် နဲ့တိုက်ပွဲဝင်နေကြတဲ့ မွတ်ဆလင် လက်နက်ကိုင် ၃၀၀ ကျော်လောက် သေဆုံးသွားခဲ့တယ်လို့ သိရတယ်။ အများစုက လူငယ်တွေလို့ သိရပါတယ်။ မောင်တောမှာ စစ်ကောင်စီဖက်က ဝင်တိုက်ပေးနေကြတဲ့ မွတ်ဆလင် လက်နက်ကိုင် ၂၀၀၀ ကျော်လောက်အထိ ရှိနေတယ်လို့‌တော့ သိထားတယ်" ဟု သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ မောင်တောမြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်း၍ အေအေ၏ ထိုးစစ်အား ခုခံကာကွယ် တိုက်ခိုက်နေရာတွင် မောင်တောမြို့ပေါ်က မွတ်ဆလင်လူငယ်များ ပါဝင်ခြင်း မရှိသလောက် နည်းပါးပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းများက ပို့ဆောင်ခံရသူများဖြစ်ကြသည်ဟု မောင်တော မွတ်ဆလင် အသိုင်းအဝိုင်းက ပြောသည်။

မွတ်ဆလင် ဒေသခံ တစ်ဦးက " မောင်တောမှာ လက်နက်ကိုင်ပြီးသွားနေကြတဲ့ စစ်သားတွေထဲမှာ မောင်တောက တစ်ယောက်မှမပါကြပါဘူး။ အများစုကဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက မသိနားမလည်နိုင်တဲ့ အရွယ်လူငယ်လေးတွေ အများစုတွေ့နေရတယ်" ဟုပြောသည်။

၎င်းလူငယ်များအား စစ်ကောင်စီက စစ်သင်တန်းနှစ်ပတ်ခန့်ပေးပြီး လက်နက်တပ်ဆင်ကာ အာရက္ခတပ်တော်နှင့် စစ်တိုက်ရာတွင် အသုံးပြုနေသည်ဟု သိရသည်။

ရွှေဇားကျေးရွာမှမျက်မြင်ဒေသခံတစ်ဦးက "ကျွန်တော်တို့ မနက် အာဇင်ဟောပြီးချိန်။ ဗလီက အဆင်းမှာ တောဘာကား‌ နှစ်စီးနဲ့ လူသေအလောင်းတွေတင်ပြီး သယ်ယူသွားတာ တွေ့လိုက်ရတယ်။ အလင်းရောင်က သိပ်မရှိသေးတဲ့အချိန်ဆိုတော့ အလောင်းတွေကို မြင်ရပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာ သဲသဲကွဲကွဲ မမြင် လိုက်ရဘူး"ဟု ပြောဆိုသည်။

အဆိုပါ သေဆုံးသွားသည့် အရေအတွက်နှင့် ပတ်သက်ပြီး နိရဉ္စရာအနေဖြင့်  သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ယခုရက်ပိုင်း အတွင်း ထပ်မံပြင်းထန်လာနေပြီး  စစ်ကောင်စီတပ်များနှင့် အတူ သင်တန်းဆင်းလက်နက်ကိုင်များသာမက ARSA,ARA,RSO စသည့် လက်နက်ကိုင်များမှ ပူးပေါင်းကာ ခုခံ တိုက်ခိုက်နေကြသည်ဟု ဒေသခံများက ပြောကြားသည်။

မောင်တောမြို့အမှတ်(၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅) တပ်ရင်းအပါအဝင် စစ်ကောင်စီ တပ်များနှင့် လက်နက်ကိုင်မွတ်ဆလင်များပူးပေါင်း‌ခြေကုတ်‌ နေရာယူထားကြသည့် ရွှေဇား၊ မြို့မ ကညင်တန်း၊ ဗိုလ်မှူးရွာ၊ မောင်နီ၊ လသာ၊ ဇူလ၊ POE ဝင်/ထွက်စခန်းများအားလုံးအားဇူလိုင်လ ၃၀ ရက် နံနက် အစောကြီး ညဉ့် ၁ နာရီခန့်မှစတင်ပြီး အာရက္ခတပ်တော် (AA) က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...