မောင်တောတွင် ပိတ်မိနေသည့် ဒေသခံတချို့ သတ်ဖြတ်ခံနေရ

မောင်တောတွင် ပိတ်မိနေသည့် ဒေသခံတချို့ သတ်ဖြတ်ခံနေရ

ရခိုင်ပြည်၊ မောင်တောဒေသတွင် တိုက်ပွဲအတွင်းပိတ်မိနေသော ဒေသခံများကို စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ သင်တန်းပေးထားသူများက ဖမ်းဆီး၊ သတ်ဖြတ်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်က မောင်တောမြို့၊ ကညင်တန်း ဟိန္ဒူကယ်ဆယ်ရေးစခန်းမှ အသက်(၂၀) အရွယ် ကိုဒေါဂူးလူးမှာ မြို့ထဲသို့သွားစဉ် သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက ကယ်ဆယ်ရေးစခန်းကနေ မောင်တောမြို့ထဲကို သွားတာ။ ဘာကိစ္စနဲ့သွားလဲတော့ ကျနော်လည်း မသိဘူး။ မြို့ထဲမှာ အသတ်ခံလိုက်ရတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၆ ရက်ကလည်း မောင်တောမြို့နှင့်ကပ်လျက် ရွှေဇားကျေးရွာကို စစ်ကောင်စီနှင့် စစ်ကောင်စီ သင်တန်းဆင်းများက ဝင်ရောက်လာပြီး စစ်ဘေးရှောင် ၄ ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။

“ကလေးနှစ်ယောက်အပါအဝင် ၄ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ နောက်ပြီး အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရတယ်။ အဲဒီဖက်ကို ဖုန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့အတွက် အတိအကျတော့ မသိရဘူး။ မြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက သောင်းကျန်းနေတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူများမှာ အသက်(၄၀) ကျော်အရွယ် ဦးကာဒူ၊ အသက်(၃၀) ကျော်အရွယ် ဦးဇော်ဒူလ်၊ အသက် (၉)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ စတင်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် အာရက္ခတပ်တော်(AA) ဇွန်လ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။ သို့သော် မြို့ပတ်လည်တွင် တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံများမှာ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူများလည်း ရှိသေးသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို AA က သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်နေသည်။

မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ရေး AA က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း မြို့တွင်းအထိုင်ချကာ အကြိတ်အနယ်ခုခံနေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။

Most read this week

Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...
မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...