ငပုအင်းရွာသစ် ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံးမှုတွင် ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောမောင်ကြီးပါဝင်

ငပုအင်းရွာသစ် ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံးမှုတွင် ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောမောင်ကြီးပါဝင်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ကျော်တွင် ကရင်ပြည်နယ် အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောမောင်ကြီး သေဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး /စစ်ရေး လုပ်ဖော်ကိုင်ဖက်များပြောဆိုချက်အရ သိရှိရသည်။

“စောမောင်ကြီးအဖွဲ့က ဘုန်ကြီးကျောင်းမှာ ချက်ရေးပြုတ်ရေးလုပ်နေကြတာ ရွာသားတွေနဲ့ တော် လှန်ရေးအဖွဲ့တွေနဲ့ အတူတူပေါ့။ ဗုံးက ဆွမ်းစားဆောင်ပေါ်တည့်တည့်ကျတော့သေ ကြထိကြတာမှာ သူပါဆုံးပါးသွားတယ်။ ရဲဘော်တွေရော၊ မိသားစုတွေရော အစအနတွေပေါ့ ပြန်ရှာရ‌‌တာပေါ့။ ”ဟု စော မောင်ကြီးသေဆုံးမှုကို သိရှိသူစစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

သေဆုံးချိန်တွင် အသက် ၅၅ နှစ်ရှိ စောမောင်ကြီးသည် ကရင်ပြည်နယ်အတွင်း အရပ်သားဒေသခံ မြေ သိမ်း၊ ယာသိမ်းနစ်နာမှုပြဿနာများအား လူထုဘက်မှအစဉ်တစ်စိုက် တက်ကြွလှုပ်ရှား ဦးဆောင် သူတစ်ဦးဖြစ်သည်။ သူသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အခြေစိုက် ညီညွတ် သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သေး သည်။

စောမောင်ကြီးမိတ်ဆွေတစ်ဦးက “သူက စစ်တပ်အာဏာသိမ်းတော့ ဖားအံမှာ ဆန္ဒထုတ်ဖော်တာတွေ လုပ်တယ်။ စစ်တပ်နဲ့ ရဲက ဖမ်းတာ၊ ပစ်ခတ်တာတွေလုပ်တော့ တော်လှန်ရေးနယ်မြေထဲရောက်လာပြီး လူငယ်တွေကို ကူညီနေတာ မျိုး / ရိက္ခာ ဖြည့်တင်းပေးတာမျိုး ထောက်/ပို့ကူညီနေတဲ့ အပိုင်းကနေ လုပ်ကူပေးနေသူပါ။ အခုလို ဖြစ်သွားတော့ အတော့်ကို စိတ်ထိခိုက်ရပါတယ်။ ဒီလိုသတင်း ကြားရတာ အဆင်မပြေပါဘူး ”ဟု ပြောသည်။

လက်ရှိတွင် သေဆုံးသူ စောမောင်ကြီးအား ရည်စူးပြီး ဆွမ်းသွပ်အလှူအတန်း ပြုလုပ်ရန် လွတ်မြောက်နယ်မြေရောက် စစ်ရေး/နိုင်ငံရေး မိတ်ဆွေအစုအဖွဲ့များက ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိုက်မရောမြို့နယ် (ကရင်အမျိုး သားအ စည်းအရုံး-KNU တပ်မဟာ ၆ နယ်မြေ)ငပုအင်းကျောင်းသစ်၊ လွှစင်ကုန်းလမ်းဆုံနေရာ ၂ ခုအား ဗုံးကြီး ကျပေါက်ကွဲမှုဖြစ်စဉ် ဒေသခံအရပ်သား ၂၀ ဦးခန့်နှင့် KNLA မဟာမိတ်ပူးပေါင်းတပ် စစ်ကြောင်းများ ဘက်မှ ၁၀ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း ခန့်မှန်းပြောဆိုကြသည်။

အဆိုပါ ဖြစ်စဉ်အတွင်း တက်ကြွလှုပ်ရှားသူ စောမောင်ကြီးအပါအဝင် ဝါဆိုသင်္ဃန်းကပ် အလှူလုပ်ရန် အတွက် ရောက်ရှိနေသော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA ၉၀၃ တပ်ရင်းမှ တပ်ခွဲမှူး ကိုစေးလာ၏ အမျိုးသမီးနှင့်ကလေးလည်း သေဆုံးခဲ့သည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးတစ်ခု ပြုလုပ်မည်ဟု သတင်းပေါက်ကြား၍ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနေကြ သော်လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့နှင့် နယ်မြေခံတာဝန်ရှိ အဖွဲ့အစည်းများမှ အတည်ပြု ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...