ZRA-EC နဲ့ ပတ်သက်တယ်လို့ သတ်မှတ်ပြီး တွန်းဇံမြို့ကနေအိမ် ၁၅ လုံးကျော်ကို CDF-Tonzang က ချိပ်ပိတ်သိမ်းဆည်း

ZRA-EC နဲ့ ပတ်သက်တယ်လို့ သတ်မှတ်ပြီး တွန်းဇံမြို့ကနေအိမ် ၁၅ လုံးကျော်ကို CDF-Tonzang က ချိပ်ပိတ်သိမ်းဆည်း

Chinland Council ပူးပေါင်းတပ်ဖွဲ့အနေဖြင့် တွန်းဇံမြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ၊တွန်းဇံမြို့က Zomi Revolution Army(ZRA-EC )တပ်ဖွဲ့ဝင်များ နှင့် ၄င်းတို့ Supporter(ထောက်ပံ့သူ) များပိုင်ဆိုင်တဲ့နေအိမ်  ၁၅ လုံးကျော်ကို CDF-Tonzang အနေဖြင့်ချိပ်ပိတ်ပြီး သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

သူတို့တွေဟာ သတ်မှတ်ထားတဲ့ ဒဏ်ငွေများကို ပေးဆောင်ပြီး မိမိတို့ တပ်ဖွဲ့ထံ အလင်းဝင်လာပါက နေအိမ်များကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း CDF-Tonzang ရဲ့စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် က Chin World Media ကို ပြောပါတယ်။

ZRA-EC တပ်ဖွဲ့ကြောင့် CDF-Tonzang အနေဖြင့် ရဲဘော် နှစ်ဦးရဲ့အသက်ဆုံးရှုံးရတဲ့ အပြင် ငွေကြေး နှင့် ပစ္စည်းပေါင်းများစွာ ဆုံးရှုံးရကြောင်း၊ ZRA-EC အနေဖြင့် ဩဇာအာဏာ ရရှိခဲ့ကြတာက သူတို့ရဲ့ Supporter တွေကြောင့် ဖြစ်ကြောင်း၊ ယင်း ဆုံးရှုံးမှုတွေ အတွက် သူတို့ အနေနဲ့ ပြန်လည် ပေးဆပ်ဖို့  ထိုက်တန်ကြောင်း CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောပါတယ်။

“ တချို့ ZRA-EC ရဲ့ အမာခံ supporter တွေ နဲ့ SAC ရဲ့ လုပ်ငန်းကို ကူညီတဲ့ လူတွေ ကိုလည်း ကျနော်တို့ ဖမ်းဆီး ခဲ့တယ်။ သူတို့ အနေနဲ့ အမြင်မှန် ရလာတော့ ဒဏ်ကြေးငွေ ပေးဆောင်ခွင့် ပေးပြီး ခံဝန် လက်မှတ် နဲ့ ပြန်လွှတ်ပေးခဲ့တယ်။ ZRA-EC နဲ့ ပတ်သက်မှု မရှိပေမယ့် တခြား ကိစ္စကြောင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့ရတဲ့ လူတွေရှိတယ်။ သူတို့ကို ဒဏ်ကြေး တပြား တကျပ်မှ မယူဘဲ ပြန်လွှတ်ပေးခဲ့တယ်။

နေအိမ် တချို့လည်း ဆက်လက် ချိပ်ပိတ်ဖို့ ရှိတယ်၊ကျနော်တို့ CDF-Tonzang ကတော့ ZRA-EC နဲ့ ပတ်သက်သူတွေကို ဖမ်းတာ၊ နေအိမ် ချိပ်ပိတ်တာတွေလုပ်တာက သူတို့ကို အမြင်မှန်ရပြီး အလင်းဝင်လာ စေချင် လို့ပါ။ သူတို့ကို သတ်ဖို့ လုပ်ကြံဖို့ ကျတော့ နဂိုကတည်းက အစီအစဉ် မရှိဘူး” လို့ နေအိမ်ချိပ်ပိတ်တာ၊ ဖမ်းဆီးတာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ကို ဦးထန်ဆွင်းမုန်က ပြောပါတယ်။

တွန်းဇံမြို့ကို CDF-Tonzang အပါအဝင် CNA ဦးဆောင်တဲ့ ချင်းကာကွယ်ရေး တပ်ပေါင်းစုမှ သိမ်းပိုက်ခဲ့ပြီးနောက် လက်ရှိ အချိန်မှာ Tonzang Township Council ကို ဖွဲ့စည်းကာ အရပ်ဘက် အုပ်ချုပ်ရေးကို စတင်နေပါတယ်။

Most read this week

February 7, 2026
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအထိ...
February 6, 2026
ဖလမ်းမြို့နယ်အတွင်းနဲ့ မြေပြန့်ဒေသ အပါအဝင် မီဇိုရမ်ပြည်ကို ရောက်ရှိနေတဲ့ ဖလမ်းမြို့နယ်က...
February 5, 2026
ရွှေ့ပြောင်းအခြေချသူဦးရေများစွာရှိတဲ့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ မှတ်ပုံအသစ်ပြုလုပ်တာ...
February 4, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ကလေး - သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ တတိယစစ်ကြောင်းနဲ့...