ပုသိမ်ရောက် ရခိုင်ကုန်သည်များကို စစ်ကောင်စီ ငွေညှစ်

ပုသိမ်ရောက် ရခိုင်ကုန်သည်များကို စစ်ကောင်စီ ငွေညှစ်

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ပြည်သို့ ကုန်ပစ္စည်းများတင်သွင်းနေသည့် ဧရာဝတီတိုင်းရောက် ကုန်သည်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားငွေညှစ်မှုကို ခံနေရကြောင်း သိရသည်။

ပုသိမ်မြို့နယ်၊ ဘောမိဆိပ်ကမ်းတွင် ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့မှ ကုန်သည်များ၏ စားကုန်၊ ဒီဇယ်ဆီ၊ လူသုံးကုန်ပစ္စည်းများကို သိမ်းဆည်းကာ ငွေတောင်းခံနေခြင်း ဖြစ်သည်။

ဇူလိုင်လ ပထမအပတ်က သိန်းသောင်းချီတန်ဖိုးရှိကုန်စည်များ တင်ဆောင်ထားသည့် စက်လှေများကို စစ်ကောင်စီက တားဆီးကာ ကုန်သည်များအား ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း သိရသည်။

“အဲဒီဆိပ်ကမ်းမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ ဝေယံကျော်က အဓိကဖမ်းဆီးတာ။ ၁၁/ ကိုင်ဆောင်တဲ့ ကုန်သည်တွေဆို ပိုပြီးပိုက်ဆံတောင်းတယ်။ ကုန်ပစ္စည်းတွေကိုလည်း သိမ်းတယ်။ ရခိုင်တွေဆိုရင် သက်သက်မဲ့ လုပ်ချင်သလို လုပ်နေတာပါ” ဟု ပုသိမ်ရောက် ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၄ ရက်ကလည်း ဒီဇယ်ပေပါ ၈၀၀ လုံးနှင့် စားကုန်ပစ္စည်းများ ယင်းဆိပ်ကမ်း၌ ဖမ်းဆီးခံခဲ့ရပြီး ငွေကျပ်သိန်း ၃,၀၀၀ ပေးမှ အလုံး ၄၀ ပြန်ရကြောင်း ယင်းဖြစ်စဉ်ပါကုန်သည်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“အခုက ဖမ်းဆီးတာမဟုတ်ဘူး။ ဓားပြတိုက်တာနဲ့ တူတယ်။ ကိုယ့်ပစ္စည်းလည်းမရ ပိုက်ဆံလည်း ထပ်ပေးရတယ်။ အဲဒီဆိပ်ကမ်းမှာ အရင်ကတည်းက ငွေညစ်နေတာလို့ပြောယ်။ အခုနောက်ပိုင်း ပိုဆိုးလာတာ။ ရခိုင်ကိုတင်သွင်းတဲ့ ကုန်သည်တွေဆိုရင် ဒီလိုဖြစ်ပြီးနောက်ပိုင်း နာလန်မထူနိုင်တော့ဘူး” ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ကုန်သည်များမှာ ရန်ကုန်မှကုန်ပစ္စည်းများကို ဘောမိဆိပ်ကမ်းမှတစ်ဆင့် ရခိုင်ဒေသသို့ ရေလမ်းကြောင်းဖြင့် တင်သွင်းနေခြင်း ဖြစ်သည်။

ရခိုင်တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း သွားလာခွင့် ပိတ်ဆို့ထား၍ ရခိုင်ပြည်အတွင်း ဆေးဝါးအပါဝင် စားကုန်များပြတ်လပ်မှုနှင့် ရင်ဆိုင်နေရချိန် ရသည့်နည်းဖြင့် အရဲစွန့်ကုန်သွယ်နေခြင်း ဖြစ်သည်။

ရခိုင်ကုန်သည်တစ်ဦးက “ရခိုင်ကို ကုန်ပစ္စည်းဝင်တဲ့လမ်းကြောင်းတွေ တစ်လမ်းမှ မရှိတော့ဘူး။ စစ်ကောင်စီက အကုန်လုံးကို လိုက်နှောင့်ယှက်နေတာ။ အခုလိုသာ လမ်းတွေပိတ်နေရင် ကုန်ပစ္စည်းပိုပြီး ပြတ်လပ်လာမယ်။ ကုန်ဈေးနှုန်းတွေလည်း ဆက်တက်လာမယ်” ဟု ပြောသည်။

ရခိုင်ကုန်သည်များမှာ အိန္ဒိယနယ်စပ်မှတစ်ဆင့် ကုန်သွယ်ကြရာတွင်လည်း ယင်းလမ်းကြောင်းကို အိန္ဒိယဘက်က ပိတ်ဆို့လိုက်သဖြင့် လမ်းတွင် ကုန်ပစ္စည်းများနှင့်အတူ ပိတ်မိပြီး ဒုက္ခရောက်နေကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...