သံတွဲအကျဉ်းထောင်ကိုသိမ်းပိုက်ပြီး မြို့တွင်းကိုပါ AA ထိန်းချုပ်

သံတွဲအကျဉ်းထောင်ကိုသိမ်းပိုက်ပြီး မြို့တွင်းကိုပါ AA ထိန်းချုပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲအကျဉ်းထောင်ကိုဇူလိုင်လ ၁၅ရက်နေ့ညနေပိုင်းတွင် အာရက္ခတပ်တော် ( AA) မှ သိမ်းပိုက်ပြီး မြို့တွင်းကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ အကျဉ်းထောင်က စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြပြီ/ အေအေဝင်တိုက်တာ အကျအဆုံးလည်း များတယ်။ ထောင်ဝင်ဝက ပျက်စီးသွားတယ်။ ထောင်အနီးအနားကိုစစ်ကောင်စီက ဗုံးကြဲတော့ ကားပြင်ရုံကိုကျပြီး စစ်သားတွေ သေတာတွေရှိတယ်။ ဆေးရုံကိုလည်း ဗုံးကြဲတယ်။ သူတို့ အထိနာလို့ လေကြောင်းဗုံးကြဲနေတာ။ အေအေကိုမြို့ကိုထိန်းထားလိုက်ပြီ။ အပြီးသတ် ထိန်းထားလိုက်တာကတော့ ဒီနေ့ပေါ့။ အခု ကွင်းဝိုင်းဘက်ကို အေအေထိုးစစ်ဆင်နေတယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

သံတွဲမြို့အကျဉ်းထောင်အနီး ၃ရက်ခန့်  ပစ်ခတ်မှုများရှိခဲ့ကာ မြို့တွင်းကိုပါ အေအေက ဇူလိုင်လ ၁၆ ရက် တွင်ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

သံတွဲမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သားအများးစုသေဆုံကာ လက်ကျန် တပ်သားများသည် စစ်ကားများဖြင့် ဇလွန်ရွာဘက်သို့ဆုတ်ခွာတပ်စွဲ လျက်ရှိကြောင်း သိရသည်။

လက်ရှိသံတွဲ မြို့တွင် တယ်လီဖုန်းလိုင်းများပြတ်တောက်လျက်ရှိကာ အဆက်အသွယ် လုံးဝ ပြတ်တောက်သွားပြီး လူတချို့ပျောက်ဆုံး‌နေကြောင်းလည်းသိရသည်။

“ထောင်ထဲမှာ စစ်ကောင်ဘက်ကသေတာတွေရှိတယ်။ ကြိမ်ချောင်းဖက်အထိ အေအေလိုက် တိုက်နေတယ်။ မြို့ခံတချို့ကိုဘေးလွတ်ရာပို့ထားတယ်။ တမြို့လုံးအေအေနေရာယူလိုက်ပြီ စစ်သား တွေပြေးပြီ” ဟုဒေသခံတဦးမှပြောသည်။

သံတွဲမြို့အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီတပ်က ဇူလိုင်လ (၁၅)ရက်နေ့က လေကြောင်းမှ ဗုံးကြဲရာ ပျက်စီးမှုတချို့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင်တိုက်ပွဲ တွင်း ပိတ်မိနေသည့် သံတွဲဒေသခံ ၄၀၀ နီးပါးကိုလည်းအာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံသည့်နေရာအား ကယ်တင်ထားကြောင်းသိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာရှိသည့် စစ်ကောင်စီတပ်ရင်းနှစ်ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် သံတွဲမြို့ပေါ်ကိုပါ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း  ဇူလိုင်လ ၁၆ ရက်နေ့ ဒေသခံများကို ကိုးကားပြီး  RFA က သတင်းဖော်ပြသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...