သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခန်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဝယ်သော်ရွာဘက်ကလို့ သိရတယ်။ သူတို့ကို ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေက ပစ်ခတ်လိုက်တာပါ။ နှစ်ဦးစလုံး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ညပိုင်းမှသာ ဒေသခံတို့မှ သွားရောက်ကောက်ယူခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဇူလိုင်လ ၁၅ ရက်နေ့က စခန်းကြီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် PDF နှစ်ဦးသေဆုံးပြီး လက်နက်တစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဝါဒဖြန့်ရေးသားထားသည်။

စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း PDF ဟုတ်၊ မဟုတ်ကိုလည်း အတည်မပြုနိုင်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မော်လမြိုင် - မုဒုံ - သံဖြူဇရပ် - ရေး - ထားဝယ် - မြိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေရာအနှံ့ ကင်းပုန်းချခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...