လက်နက်ကြီးထိမှန်ပြီး အရပ်သား ၃ ဦးသေ၊ ၆ ဦးဒဏ်ရာရ

လက်နက်ကြီးထိမှန်ပြီး အရပ်သား ၃ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲမြို့နယ်၊ ပဒဲကောကျေးရွာမှာ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က် ၉ နာရီခွဲခန့်တွင်  တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကွင်းဝိုင်းရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၍ သက်ကြီးပိုင်း အမျိုးသမီးကြီး တစ်ဦး လည်ပင်း နှင့် ဗိုက်တွင် ကျည်စထိမှန်ကာ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။  

ဒေသခံတစ်ဦးက “ဘာတိုက်ပွဲမှမရှိဘဲ တမင်ပစ်လို့ သေရတာပါ” ဟု ပြောသည်။

ထို့အပြင် ဇူလိုင် ၁၀ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်ကလည်း ကင်းမော်ကျေးရွာအုပ်စု၊ ကျောက်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ကျောက်ဆိပ်ကျေးရွာက ဒေါ်စန်းစန်းအေး နှင့် ရေလုပ်သားတစ်ဦး တို့ သေဆုံးသည်။

အလားတူ ဦးအောင်ကျော်စိန်၊ ကိုပြည့်ဖြိုးအောင်၊ ကိုမုန်တိုင်း အပါအဝင် နောက်ထပ် ရွာသားနှစ်ဦးတို့မှာ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်နက်ကြီး ကျည်များသည် ကျောက်ဆိပ်ကျေးရွာထဲ နှင့် ကျောက်ဆိပ် နှင့် ကင်းမော်ကျေးရွာအကြား ဝမ်းဒီး ကူးတို့ဆိပ် အနီး၌ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဒေသခံများ လက်နက်ကြီးကျည်ထိမှန်ကာ ရက်ဆက် ထိခိုက်သေဆုံးနေမှုများနှင့် ပတ်သက်၍ သံတွဲမှ လူမှုကူညီရေး လုပ်ကိုင်နေသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက ”အဲ့ဒီဘက်တွေမှာ လက်ရှိတိုက်ပွဲဖြစ်နေတာတော့မရှိဘူး။ ဒါပေမယ့် သံတွဲမှာ စစ်ကောင်စီက စစ်ရှုံးနေ တော့ ရှုံးမဲမဲပြီး အရပ်သားတွေကို တမင်ပစ်နေတာ။ သံတွဲမြို့ထဲမှာ ပိတ်မိနေတဲ့ ထောင်မှာတပ်စွဲထားတဲ့ စစ် သားတွေကလည်း သူတို့ထွက်ပေါက်အတွက် လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ နောက်ပြီး ရေ တပ်စခန်းတွေနဲ့ နေဗီတွေကလည်း ရမ်းသမ်းပြီးတော့ ပစ်ခတ်နေတာ ဆက်တိုက်ပဲ။ ဒါကြောင့်လည်း ဒီရက် ပိုင်းအတွင်းမှာ အရပ်သားထိခိုက်သေဆုံးတာတွေက ‌နေ့တိုင်းလိုလိုရှိနေ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း  သံတွဲမြို့‌ပေါ် ညောင်ပင်စျေးရပ်ကွက်၊ ဒွါရာဝတီမြို့သစ်တို့တွင် လက် နက်ကြီး ရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ ဒေသခံ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ငပလီကမ်းခြေရှိ ဂျိတ္တောရပ်ကွက်သို့ လက်နက်ကြီးကျည်‌ ကျ၍ အရပ်သားတစ်ဦး ထိမှန် သေဆုံးခဲ့သေးသည်။

ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...