ဘူးသီးတောင်တိုက်ပွဲကာလ UNHCR ရုံးဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံခဲ့ရ

ဘူးသီးတောင်တိုက်ပွဲကာလ UNHCR ရုံးဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံခဲ့ရ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန် UNHCR ရုံး၏ လုံခြုံရေးဝန်းထမ်းတစ်ဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း NGO အသိုင်းအဝိုင်းမှ သိရသည်။

အသက် ၅၀ ကျော်အရွယ် ဦးကျော်မောင်မှာ ဧပြီလ ၃၀ ရက် နံနက် ၁၁ နာရီခန့်အချိန်က ဘူးသီးတောင်မြို့၊ အေးစေတီဘုန်းတော်ကြီးကျောင်းမှ မြို့မစေတီတောင်ရွာသို့သွားစဉ် လမ်းခုလတ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

၎င်းမှာ ညနေ ၅ နာရီခန့်တွင် ပြန်လွတ်လာသော်လည်း ညှင်းပန်းနှိပ်စက်ထားသည့် အတွင်းဒဏ်ရာများကြောင့် မေလ ၁ ရက်၊ နံနက် ၆ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း NGO ဝန်ထမ်းတစ်ဦးက ပြောသည်။

“ သူက လွတ်လာကတည်းက သတိမရတော့ဘူး။ ကျောကုန်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ လည်ပင်းမှာလည်း ညိုမဲဒဏ်ရာတွေပါတယ်။ အတွင်းဒဏ်ရာတွေကြောင့် နောက်တစ်နေ့မနက်ပိုင်းမှာ ဆုံးသွားတယ်လို့ သိရတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့တွင် ဦးကျော်မောင်အပါအဝင် ဒေသခံ ၉ ဦးမှာ စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ၏ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူများမှာ မြို့မစေတီတောင်မှ ဦးကျော်မောင် (၅၀) နှစ်၊ အမှတ်(၅)ရပ်ကွက်မှ ဦးမောင်ကြီးဖြူ (၄၄)နှစ်၊ ဦးဒိုင်းကာ (၄၅)နှစ်၊ မောင်ပြည့်ဖြိုးအောင်(၁၂)နှစ်၊ အမှတ်(၄)ရပ်ကွက်မှ ကိုဒူးကာ (၄၀)နှစ်၊ ဦးမောင်ကျော်ခိုင် (၄၆)နှစ်၊ ဦးမောင်သိန်းညွန့် (၅၁)နှစ်၊ ကင်းချောင်းကျေးရွာမှ ဦးသာထွန်းအောင် (၆၂)နှစ်နှင့် ဦးဇနီဖြူ (၆၄)နှစ် တို့ဖြစ်ကြောင်း DMG က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူအပါအဝင် NGO ဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သားနေအိမ်၊ ဘာသာရေးအဆောက်အုံ၊ NGO ရုံးများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေမှုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း ထောက်ပြနေကြသည်။

“ကုလသမဂ္ဂလိုအဖွဲ့အစည်းရဲ့ ဝန်ထမ်းကိုတောင် ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတော့ စစ်ကောင်စီဟာ ဘယ်အဖွဲ့၊ ဘယ်နိုင်ငံကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ အဲဒါတွေအပါအဝင် လက်ရှိ မြန်မာနိုင်ငံတဝန်းလုံးမှာ စစ်ကောင်စီက လိုင်စင်ရလူသတ်သမားလို ပြူမူနေတာတွေကို နိုင်ငံတကာအနေနဲ့ ပြတ်ပြတ်သားသား အရေးယူသင့်တယ်” ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့တွင် မီးရှို့ခံရမှုနှင့်အတူ တိုက်ပွဲကြားတွင် နေအိမ် ၂,၉၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ယင်းအထဲတွင် ဧပြီလ ၁၅ ရက်က မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသော ဘူးသီးတောင်မြို့အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) ရုံးခန်းနှင့် ဆေးပေးခန်းလည်း ပါဝင်သည်။

မတ်လ ၁၄ ရက်ကလည်း ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ NGO ဝန်ထမ်းတစ်ဦးဖြစ်သူ မသီတာစိုးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...