ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ ငှက်ဖျားဖြစ်ပွားမှုနဲ့ ဝမ်းရောဂါကူးစက်မှုများနေလို့ လူသေဆုံးမှုရှိကာ ဆေးဝါးအကူအညီတွေကိုလည်း လိုအပ်နေ

ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ ငှက်ဖျားဖြစ်ပွားမှုနဲ့ ဝမ်းရောဂါကူးစက်မှုများနေလို့ လူသေဆုံးမှုရှိကာ ဆေးဝါးအကူအညီတွေကိုလည်း လိုအပ်နေ

ကုန်စည်စီးဆင်းမှုမရှိတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ကျေးရွာတွေမှာ ပြည်သူလူထုအကြား ရာသီတုတ်ကွေး  ငှက်ဖျား အဖြစ်များနေသလို ဝမ်းရောဂါကူးစက်မှုများနေလို့ လူသေဆုံးမှုရှိကာဆေးဝါးအကူအညီတွေလည်း လိုနေအပ််ကြတယ်လို့ သိရပါတယ်။

မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိတဲ့ ငှက်ဖျားရောဂါ ကြောင့်  ဆမီးမြို့ မီချောင်းကျေးရွာတစ်လျှောက် ကျေးရွာတွေမှာ ကူးစက်မှုနှုန်း များနေသလို ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေကြတယ်လို့ သိရပါတယ်။

ဆမီးမြို့ဒေသခံတစ်ဦးက “အခုက အသက်ရွယ်အစုံမှာ  စစ်လိုက်ရင် ငှက်ဖျားပိုးတွေ့တာများတယ် တစ်ချို့ငှက်ဖျားပိုးမတွေရင်တောင် ဖျားတဲ့ပုံစံတွေက ငှက်ဖျားပုံစံတွေပဲများကြတယ် ရာသီတုတ်ကွေးလည်းပါမယ်ထင်တယ် ဆေးရရှိမှုကလည်း နည်းတော့ ပိုဆိုးတာပေါ့ တချို့ရွာတွေဆိုရင် ဆေးဝါးကို ရှိမှာမဟုတ်ဘူး နောက်ပြီးဝမ်းလျောဝမ်းပျက်လည်းဖြစ်ကြတယ် ကျတော်ယောခမလည်းပြီးခဲ့တဲ့လကဘဲ ဝမ်းလျောဝမ်းပျက်နှစ်ရက်လောက်ဖြစ်ပြီး ဆုံးသွားတယ်” လို့ပြောပါတယ်။

ကုန်စည်စီးဆင်းမှုလုံးဝမရှိတော့တဲ့ ပလက်ဝမြို့နယ်က  ကျေးရွာတချို့မှာ ဆေးဝါးလုံးဝမရှိတော့တဲ့ ကျေးရွာများစွာရှိနိုင်တယ်လို့ ဆမီးဒေသခံတစ်ဦးကပြောပါတယ်။

ငှက်ဖျားရောဂါကြောင့်  ပလက်ဝမြို့နယ် ပျဉ်ဝအုပ်စု၊ ကူးဝကျေးရွာနေ အသက် (၇၀) ကျော်အရွယ် တစ်ဦးလည်း ပြီးခဲ့ဇွန်လ ၂၃ ရက်နေ့က  ကျောက်တော်မြို့မှာ အရေးပေါ်ဆေးကုမှု ခံယူခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...