ရခိုင်တွင် ဇွန်လအတွင်း အရပ်သား ၁၄၀ နီးပါး ဒဏ်ရာရ၊ သေဆုံး

ရခိုင်တွင် ဇွန်လအတွင်း အရပ်သား ၁၄၀ နီးပါး ဒဏ်ရာရ၊ သေဆုံး

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် ဇွန်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၄၂ ဦး နှင့် ဒဏ်ရာရရှိသူ ၉၄ ဦး၊ ထိခိုက်သေဆုံးသူ စုစုပေါင်း ၁၃၆ ဦးအထိရှိခဲ့ကြောင်း DMG က ကောက်ယူထားသော စာရင်းအရ သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှု၊ မြေမြှုပ်မိုင်းနှင့် စစ်ကြောအတွင်း နှိပ်စက်ခံရမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ သံတွဲတွင် ၂၄ ဦး၊ အမ်းတွင် ၃ ဦး၊ မောင်တောတွင် ၂ ဦး၊ တောင်ကုတ်တွင် ၆ ဦး၊ ပုဏ္ဏားကျွန်းတွင် ၂ ဦး၊ စစ်တွေတွင် ၄ ဦးနှင့် ဂွတွင် ၁ ဦး ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ သံတွဲ ၄၃ ဦး၊ အမ်း ၂ ဦး၊ မောင်တော ၁၂ ဦး၊ တောင်ကုတ် ၂ ဦး၊ ပေါက်တော ၁၂ ဦး၊ ကျောက်တော် ၆ ဦး၊ ပုဏ္ဏားကျွန်း ၁၂ ဦးနှင့် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်တွင် ၁ ဦးစီ ဖြစ်သည်။

“စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက တော်တော်ဆိုးလာတယ်။ လတိုင်း အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေတယ်။ အပြစ်မဲ့ အရပ်သားတွေသေဆုံးမှုအပေါ် ကျူးလွန်နေမှုတွေကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူဖို့လိုအပ်နေတယ်” ဟု DMG ၏ မှတ်တမ်းနှင့်သုတေသနဌာန တာဝန်ရှိသူက ပြောသည်။

အရပ်သားထိခိုက်သေဆုံးမှုထဲ တိုက်ပွဲပြင်းထန်နေသော သံတွဲမြို့နယ်တွင်အများဆုံးဖြစ်ပြီး သေဆုံးဒဏ်ရာရသူ ၆၇ ဦးထိရှိခဲ့သည်။ ဇွန်လ ၄ ရက်နေ့က သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းများဖြင့် ပစ်ခတ်မှုအတွင်း ဒေသခံ ၁၄ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA)၏ အရှိန်မြှင့်ထိုးစစ်ကို အလူးအလဲခုခံနေရသော စစ်ကောင်စီသည် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

“စစ်ကောင်စီက စစ်ရေးအရအထိနာနေတော့ ပြည်သူဘက်ကို ဦးတည်လာတယ်။ ဒေသခံတွေကို သံသယမျက်စိနဲ့ ကြည့်ပြီး တိုက်ခိုက်နေတယ်။ စစ်ပွဲဆိုင်ရာဥပဒေကိုလည်း မထိန်းသိမ်းတော့ဘူး။ မိုက်ရူးရဲဆန်ဆန်လုပ်နေတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်း မပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် ပြဌာန်းထားသည်။

“စစ်ကောင်စီကြောင့် ဘာမှမသိသေးတဲ့ကလေးတွေ၊ အမျိုးသမီးတွေ တော်တော်များများ ထိခိုက်သေဆုံးရတယ်။ ဒါ့အပြင် လင်ယောက်ျားဖြစ်သူ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေမှာလည်း အငတ်ဘေးကြုံနေရတယ်။ ဒါက လူတစ်ဦးတစ်ယောက်မဟုတ်ဘဲ မိသားစုတစ်ခုလုံးကို သတ်လိုက်တာနဲ့တူတယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၇ လကျော်ကြာမြင့်လာပြီး ရခိုင်မြောက်ပိုင်းဒေသအများစုကို AA က သိမ်းပိုက်ထားကာ သံတွဲ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့နယ်အထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်စွာ ဖြစ်ပွားနေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...