မွန်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၃ သိန်းကျော်ရှိမွန်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၃ သိန်းကျော်ရှိ

မွန်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၃ သိန်းကျော်ရှိမွန်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၃ သိန်းကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသည့် ကျောင်းသူ၊ ကျောင်းသား ၃ သိန်းကျော် ရှိကြောင်း မွန်ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားချက်အရ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၃၈၅ ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်နှံသည့် ကျောင်းသူ၊ ကျောင်းသား ၃၄၀၈၆၈ ဦးရှိသည်။

မွန်ပြည်နယ် စစ်ကောင်စီ၏ ထုတ်ပြန်ထားသည့် ကျောင်းအပ်နှံသူများစာရင်းအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံသူဦးရေသည် ယမန်နှစ်ကထက် ၂၂၀၀၀ ကျော် တိုးလာခဲ့သည်။

သို့သော် စစ်ရေးပဋိပက္ခပြင်းထန်နေသည့် သထုံခရိုင်အတွင်းက ဘီးလင်း၊ ကျိုက်ထို၊ သထုံနှင့် ကျိုက်မရောမြို့နယ်၊ ရေးမြို့နယ်အတွင်းက အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အနေအထားရှိနေသည်။

စစ်ရေးပဋိပက္ခကြောင့် ကျောင်းမဖွင့်နိုင်သည့်ဒေသက ကျောင်းသားအများစုသည် မြို့ပေါ်ပြောင်းရွှေ့ပြီး ကျောင်းတက်နေရသလို တချို့ကလည်း ငွေကြေးမတတ်နိုင်သည့်အတွက် မကျောင်းမတက်ရသည့် အနေအထားရှိနေသည်။

“ငွေကြေးတတ်နိုင်တဲ့မိဘတွေက သူတို့ခလေးတွေကို လုံခြုံတဲ့နေရာ မြို့ပေါ်မှာ ကျောင်းသွားထားကြတယ်။ တချို့မတတ်နိုင်တဲ့ မိဘတွေကျတော့ ကလေးတွေကို ထိုင်းပို့လိုက်ကြတယ်။ ဒီနှစ်က ကလေးအတွက် ပညာရေးများစွာထိခိုက်နိုင်တယ်” ဟု ကျိုက်မရောမြို့နယ်အတွင်းက ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်က မွန်ပြည်နယ်တွင် ကျောင်းအပ်နှံသူ ၃၁၈,၄၀၀ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ပညာရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း တနိုင်ငံလုံးရှိ စစ်ကောင်စီ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံသူ ၆၃ သိန်း ၉ သောင်းကျော်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်က တနိုင်ငံလုံးတွင် ကျောင်းအပ်နှံသူ ၆၄ သိန်း ၇ သောင်းကျော်ရှိခဲ့သည့်အတွက် ယခုပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်းသားဦးရေ ၈၀၀၀၀ ကျော် လျော့ကျသွားခဲ့သည်။

May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...