တနင်္သာရီ မြို့နယ်ရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များလာနေ

တနင်္သာရီ မြို့နယ်ရှိ စစ်ဘေးရှောင်များတွင် ငှက်ဖျားရောဂါ အဖြစ်များလာနေ

တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ အများစုနေထိုင်ရာနေရာများတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်အနီးကပ် ကူညီနေသူများက ပြောသည်။

ခြင်ကိုက်ခံရမှုများကြောင့် ပြီးခဲ့သည့်ဧပြီလမှ စတင်ပြီး အသက်လတ်ပိုင်း အရွယ်များတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာကြောင်း စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီး တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ဒီမှာက အခုလက်ရှိကို စစ်ဘေးရှောင်ငါးထောင်ကျော်ရှိတယ်။ ဖြစ်နေတာကတော့ ပြီးခဲ့တဲ့လလောက်ကပေါ့။ ရှိတဲ့ဆေးလေးတွေနဲ့ ဝေမျှသုံးနေရတယ်။ အဖြစ်များ နေတာကတော့ ဒီအသက်လတ်ပိုင်းတွေမှာ ပိုပြီးတော့ ဖြစ်နေတယ်။ သောက်သုံးရေ မသန့်ရှင်းတာတွေ၊ တောထဲနေရတာဆိုတော့ ခြင်ကိုက်ခံရတာတွေကြောင့် ပိုပြီး အဖြစ်များလာတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ် အရှေ့ဘက်အပိုင်းရှိ ကျေးရွာအုပ်စုများတွင်လည်း ပြီးခဲ့သည့် ဧပြီလအတွင်း (Plasmodium vivax-PV) အမျိုးအစား ငှက်ဖျားရောဂါဖြစ်ပွားသူ (၃၅) ဦးခန့်ရှိခဲ့ပြီး ယခုလဝက်အတွင်း နောက်ထပ် ဒေသခံပြည်သူ (၃၅) ဦးခန့်တွင်လည်း PV အမျိုးအစား ငှက်ဖျားပိုး စစ်ဆေးတွေ့ရှိထားကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ယခုလို ငှက်ဖျားရောဂါများ ပိုမို ဖြစ်ပွားလာခြင်းနှင့်အတူ စစ်ကောင်စီ တပ်ဘက်မှ စားနပ်ရိက္ခာနှင့် ဆေးဝါး သယ်ဆောင်ခွင့်များကို ပိတ်ပင်ထားမှုများကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အခက်အခဲ ရှိနေကြောင်းလည်း တနင်္သာရီမြို့နယ် စစ်ဘေးရှောင် ကူညီထောက်ပံ့နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုချိန်မှာ စစ်တပ်က ဆေးဝါသယ်ဆောင်ခွင့်ပါ ကန့်သတ်ထာတော့ ကျန်းမာရေး အသိပညာပေး သဘော လောက်ဘဲလုပ်နိုင်ပြီးတော့ ဆေးဝါးလိုအပ်ချက်တွေ ကြီးကြီးမားမားရှိနေတယ်။ အရင်ကတည်းကရော အခုရောပဲ။ ပြီးခဲ့တဲ့နှစ်တွေကဆို ဆေးဝါးအခက်အခဲတွေကြောင့် လူအသက်သေဆုံးတဲ့ အထိတောင်ရှိ တယ်။” ဟု ၎င်း စစ်ရှောင်ကူညီထောက်ပံ့သူ အမျိုးသမီးက ပြောသည်။

အလားတူ တနင်္သာရီတိုင်ဒေသကြီး တောင်ပျောက်တိုက်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး တိုက်နယ်ပြင်ပထွက်ခွာ၍ ဆေးကုသမှုခံယူလျှင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးစစ်ဆေးမှုများကို ခံနေရကြောင်းလည်း စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုကြသည်။

ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...