စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချ

စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချ

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၆ ရက်နေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ ဘောလခဲမြို့နယ်အတွင်း ကျသွားတာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးလုံး သေဆုံးကာ ရဟတ်ယာဉ်ထဲ ပါလာတဲ့ စစ်သည်တွေကို တခြားရဟတ်ယာဉ်တစ်စီးနဲ့ ပြန်လည်ခေါ်ယူသွားတယ်လို့ ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။

“မြန်မာစံတော်ချိန် ၁၁း၀၀ နာရီချိန် ဖားဆောင်းသို့ ဆင်းသက်သော ရဟတ်ယာဉ် အမှတ် ၁၇ သည် မိမိဘက် စတင်ပစ်ခတ် ၁၁း၁၅ ချိန်ခန့် ဘောလခဲဘက်မှာ ကျပြီး ရဟတ်ယာဥ်မောင်း သူ ၂ ဦးသေပြီး ပါလာတဲ့ စစ်သည်တွေကို အခြားရဟတ်ယာဥ် ၁စီးဖြင့် ပြန်လည်ခေါ်ယူပြီး ဘောလခဲသို့ ဆင်းသက်သည့် ဖြစ်စဥ်မှန်မှန်ကန်ကြောင်း အတည်ပြုပါတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းအသုံးပြုပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် ၂ စီးကို ၂၀၂၃ ခုနှစ် ဇွန်လ အတွင်းမှာ တစ်စီးနဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁ စီး ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မေလ ၆ ရက်နေ့ ၂၀၂၄ ခုနှစ်မှာ တော့ ၃ စီးမြောက် အနေနဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...