စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချ

စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်က ပစ်ချ

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မေလ ၆ ရက်နေ့မှာ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ ဘောလခဲမြို့နယ်အတွင်း ကျသွားတာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးလုံး သေဆုံးကာ ရဟတ်ယာဉ်ထဲ ပါလာတဲ့ စစ်သည်တွေကို တခြားရဟတ်ယာဉ်တစ်စီးနဲ့ ပြန်လည်ခေါ်ယူသွားတယ်လို့ ကရင်နီပြည်တပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြု ပြောကြားပါတယ်။

“မြန်မာစံတော်ချိန် ၁၁း၀၀ နာရီချိန် ဖားဆောင်းသို့ ဆင်းသက်သော ရဟတ်ယာဉ် အမှတ် ၁၇ သည် မိမိဘက် စတင်ပစ်ခတ် ၁၁း၁၅ ချိန်ခန့် ဘောလခဲဘက်မှာ ကျပြီး ရဟတ်ယာဥ်မောင်း သူ ၂ ဦးသေပြီး ပါလာတဲ့ စစ်သည်တွေကို အခြားရဟတ်ယာဥ် ၁စီးဖြင့် ပြန်လည်ခေါ်ယူပြီး ဘောလခဲသို့ ဆင်းသက်သည့် ဖြစ်စဥ်မှန်မှန်ကန်ကြောင်း အတည်ပြုပါတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းအသုံးပြုပစ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် ၂ စီးကို ၂၀၂၃ ခုနှစ် ဇွန်လ အတွင်းမှာ တစ်စီးနဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ၁ စီး ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မေလ ၆ ရက်နေ့ ၂၀၂၄ ခုနှစ်မှာ တော့ ၃ စီးမြောက် အနေနဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...