ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းက ပျောက်ကွယ်နေတာ ရက်ပေါင်း ၂၀ ရှိပြီ

ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းက ပျောက်ကွယ်နေတာ ရက်ပေါင်း ၂၀ ရှိပြီ

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဒီကနေ့ ၂၃ ရက်နေ့အထိ ရက်ပေါင်း ၂၀ အထိ ရှိလာပြီဖြစ်ပါတယ်။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့က ပြုလုပ်တဲ့ ဗထူးမြို့ တပ်မတော် (ကြည်း) ဗိုလ် လောင်း သင်တန်းကျောင်းဆင်းပွဲ တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့အထိ လူမြင်ကွင်းကနေ ပျောက်ခြင်းမလှ ပျောက်ကွယ်နေတာပါ။

မနေ့ ဧပြီ ၂၂ ရက်နေ့က နေပြည်တော်ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့် အစည်း အဝေးမှာလည်း ဒုစစ်ခေါင်းဆောင် တက်ရောက်လာတာ မတွေ့ရပါဘူး။

ဒုစစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ မွန်ပြည်နယ် မော်လမြိုင်မြို့အ ခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒုစစ်ခေါင်းဆောင်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေတယ်လို့ ပြောဆိုထားပေမယ့် လက်ရှိအချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာပါ။

ဒုစစ်ခေါင်းဆောင် လူမြင်ကွင်းကနေ ပျောက်ကွယ်မှုဟာ ဒဏ်ရာရတာကြောင့်သာ ဖြစ်နိုင်ပြီး တ ခြားအကြောင်းအရင်း မရှိနိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒုစစ်ခေါင်းဆောင်နဲ့အတူ စစ်ခေါင်းဆောင်ရဲ့အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောကလည်း လူမြင်ကွင်းက ပျောက်ကွယ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်အုပ်စုအတွင်း အာဏာသိမ်းရန် ကြံစည်မှုနဲ့ လယ်ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောနဲ့ အပေါင်းအပါးတွေကို စစ်ခေါင်းဆောင်က ဖမ်းဆီးစစ် ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...