NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေး

NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီက အနားပေး

NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ယနေ့ထုတ်ပြန်ကြေညာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်သည်ဟု ယနေ့ ဧပြီလ ၂၂ ရက်ညတွင် စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ထန်တလန်မြို့နယ်မှာ ရွေးကောက်ခံရပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်သိမ်းယူခဲ့သည့်နောက်တွင် ဦးဟင်နရီဗန်ထီးယူသည် စစ်ကောင်စီက နေအိမ်အကျယ်ချုပ်သဘောဖြင့်ထိန်းသိမ်းထားပြီး စစ်အာဏာသိမ်းမှုအရေပေါ်ကာလသက်တမ်းတိုးသည့် ကာလုံအစည်း အဝေးတွင် ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...