မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ

မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရ

မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို Northern Brothers People’s Defense Forces အဖွဲ့က ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းနဲ့  ဒုတိယအကြိမ်မြောက် အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ အသံတော့ကြားလိုက်တယ်။ ကြားတယ်။ တစ်ခေါက်တည်းကြားလိုက်တယ် ပြိန်းဆိုပြီးတော့ ရှော့တိုက်ဒုန်းနဲ့ချတာလေ” လို့ မော်ဖောင်းကျေးရွာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

လေတပ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ နမ့်ပေါင် လေတပ်စခန်းဟာ  မော်ဖောင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာရှိတာလည်းဖြစ်ပါတယ်။

နမ့်ပေါင်လေတပ်စခန်းကို  KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြန်လည်စတင်တဲ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာလည်း ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...