ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာအနီးအနားရှိပြည်သူများ နေအိမ်ပြောင်းရွေ့နေကြ

ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာအနီးအနားရှိပြည်သူများ နေအိမ်ပြောင်းရွေ့နေကြ

ချင်းပြည်နယ် ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအနီးအနားတွေမှာနေထိုင်တဲ့ ပြည်သူတွေ အိမ်ခြေမိသားစု ၆၀ကျော် ဟာနေရပ်စွန့်ခွါနေရာပြောင်းရွေ့နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာဘက်ကို ပစ်ခတ်တာတွေလွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိူက်တာတွေလည်း ပြုလုပ်ခဲ့တာရှိနေတာကြောင့် စိုးရိမ်မှုတွေလည်းဖြစ်နေတာကြောင့်လို့လည်း သိရပါတယ်။

“အခုတလော လက်ရှိအစိုးရဌာနဆိုင်ရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်မိသားစုတွေ၊ အိမ်ပြောင်းရွေ့တာတွေ၊ ရွာဘက်ပြန်သွားတဲ့လူတွေလည်း ရှိတယ်။ အခုဆိုရင် ကျမတို့အိမ်နီးနားချင်းတွေဆိုရင် ပြန်သွားတဲ့သူတွေကြီးပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့လတွေက စစ်မှုမထမ်းမနေရအမိန့်ကို စစ်ကောင်စီအစိုးရက ပြန်လည်အသက်သွင်းပြီးနောက်မှာလည်း ဒေသခံလူငယ်အချို့က ထွက်ပြေးတိမ်းရှောင်တာတွေလည်းရှိနေပါတယ်။

“ကျမ ယောကျ်ားကလည်း တိမ်းရှောင်နေလို့ သားအမိ၂ယောက်ပဲကျန်ခဲ့တယ်၊ ဌာနရုံးနဲ့ ဝေးရာမှာနေကြဖို့ သတင်းတွေထွက်လာလို့ အိမ်ကလည်း ဌာနဆိုင်ရာရုံးတွေနဲ့ နီးနေလို့ ကြောက်လည်းကြောက်တယ် ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဟားခါးမြို့နေဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ဘက်က စစ်ကောင်စီခန့် ဝန်ကြီးများယာဉ်တန်းအပါအဝင် ဟားခါးမြို့ (၂၆၆)ဗျူဟာကုန်းတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...
March 31, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်က စစ်ကော်မရှင်လေတပ်က...
March 30, 2026
ကလေး - ကဘော် - ဂန့်ဂေါဒေသအတွင်းက အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက်...
March 28, 2026
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်မှ စပြီး ယခုလအထိ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်ရဲ့...