ဟားခါးမြို့တွင်းမှာ ပြည်နယ်ဝန်ကြီး ၂ ဦးတိုက်ခိုက်ခံရတယ်လို့ သိရ

ဟားခါးမြို့တွင်းမှာ ပြည်နယ်ဝန်ကြီး ၂ ဦးတိုက်ခိုက်ခံရတယ်လို့ သိရ

ချင်းပြည်နယ် ဟားခါးမြို့တွင်းမှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး နှစ်ဦး တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့အကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့( CHRO )က ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့မနက်ပိုင်း ကိုးနာရီခွဲဝန်းကျင်လောက်မှာ ရသုံးမှန်းခြေငွေစာရင်းနဲ့ စီမံကိန်း နှင့် လူမှုဝန်ထမ်းဝန်ကြီး ဇနီးမောင်နှံ နဲ့ ယာဉ်မောင်းတစ်ဦးနဲ့ လုံခြုံရေးအစောင့် နှစ်််ဦး တို့ကို  လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင်ိ ဒေသဆိုင်ရာ တော််လှန်ရေးအဖွဲ့ဖြစ်တဲ့  ချင်းကာကွယ်ရေး - ဟားခါး တပ်ဖွဲ့မှာ တာဝန်ရှိတဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်တယ်လို့လည်း CHRO ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဝန်ကြီး ၂ အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ သူတွေရဲ့ အခြေအနေကိုတော့  ဒီကနေ့ညနေအထိ ၎င်း တို့ရဲ့ အခြေနေကို မသိရသေးလို့လည်း ထုတ်ပြန်ထားပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...