ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ
ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA)ကို ယနေ့ ဧပြီလ ၈ ရက် နံနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။

မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ၁၀၇ မမ ရှော့တိုက်ဒုံး (၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများနေထိုင်သည့် အဆောင်အနီးသို (၄) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်ကလည်း NUG ပြည်သူ့ကာကွယ်ရေးတပ်က နေပြည်တော်ရှိ စစ်ကောင်စီ ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြလုပ်ခဲ့သည်။

Most read this week

December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...
December 16, 2025
ရခိုင်ပြည် မြောက်ဦး ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဗုံးကြဲခဲ့မှုနောက်ဆက်တွဲအနေဖြင့် ဒေသအတွင်း...