မင်းတပ်မြို့နယ်အတွင်း ဒီမနက်မိုးမလင်းခင်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်နေ

မင်းတပ်မြို့နယ်အတွင်း ဒီမနက်မိုးမလင်းခင်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်နေ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ဖက်  ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီကနေ့မနက် ဧပြီလ (၁)ရက်နေ့ မိုးမလင်းခင်ကနေစလို့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။

မင်းတပ်မြို့ တိုက်နယ်(၂) နေရာကို ဒီမနက် တစ်နာရီချိန်လောက်ကစလို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး နှစ်လုံးနဲ့ ကြဲကြတိုက်ခိုက်ခဲ့သလို မနက်ပိုင်း (၁၁) ခွဲချိန်ကလည်း ဂျက်ဖိုက်တာ (၃)စီးနဲ့ ဗုံး ၆ ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်လေကြောင်းသုံး တိုက်ခိုက်လို့ ထိခိုက်ပျက်စီး တာတွေနဲ့ပက်သက်လို့ တော့ မသိရသေးပါဘူး။

မင်းတပ်မြို့နယ်အတွင်းကို  စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ပိုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးတာ ၊ နေအိမ် အဆောက်အဦးလည်း များစွာထိခိုက်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...