ကလေးမြို့နယ် ယောက်ချိုကွင်းရွာက အသက် ၆၀ ကျော် သင်းအုပ်ဆရာကြီး အမြောက်ကျည်ထိမှန်ပြီးသေဆုံး

ကလေးမြို့နယ် ယောက်ချိုကွင်းရွာက အသက် ၆၀ ကျော် သင်းအုပ်ဆရာကြီး အမြောက်ကျည်ထိမှန်ပြီးသေဆုံး

ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂:၃၀ ခန့်တွင် ကလေးမြို့နယ် ယောက်ချိုကွင်း (Budiman) ကျေးရွာမှာ နေအိမ်ကို အမြောက်ကျည် ထိမှန်ပြီး အသက် ၆၆ နှစ်အရွယ် သင်းအုပ်ဆရာ (အငြိမ်းစား) တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်

Budiman ခေါ် ယောက်ချိုကွင်း ကျေးရွာဟာ ကလေးမြို့ မြောက်ဘက်ရှိ ပျဉ်းခုံးကြီး ရွာ၏ အနောက်ဘက် ကလေးမြို့နယ် ချင်းပြည်နယ် အစပ်တွင် တည်ရှိပါတယ်။

သေဆုံးသူ Rev. En Ngaih Langh ဟာ UPCM အသင်းတော်၏ Kalay District တွင် Superintendent ဟောင်း ဖြစ်ပြီး နေအိမ်ကို အမြောက်ကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါတယ်။

လတ်တလော တွင် ကလေးမြို့၏ မြောက်ဘက်ခြမ်း ဒေသများတွင်း စစ်ရေး တင်းမာ လျက်ရှိပြီး လက်နက်ကြီးများကြောင့် ၁ လ အတွင်း အရပ်သား၃၀ ကျော် သေဆုံးခဲ့ကာ သေဆုံးမှု မြင့်တက်နေ ပါတယ်။

ယောက်ချိုကွင်းနဲ့  ကပ်ရက်ရွာ ဖြစ်သော ရွာနီးချင်း ပျဉ်းခုံကြီးရွာတွင်လည်း မတ်လ ၂၀ ရက်နေ့ မနက်၌ အမြောက်ကျည် ကြောင့် အရပ်သုံးဦး သေဆုံးခဲ့ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...