KNU ဖာပွန်ခရိုင်က ကျေးရွာတွေကို နှစ်ရက်အတွင်း စစ်တပ်ဒရုန်းဗုံးအလုံးပေါင်း ၂၀၀ ကျော် ကြဲချ

KNU ဖာပွန်ခရိုင်က ကျေးရွာတွေကို နှစ်ရက်အတွင်း စစ်တပ်ဒရုန်းဗုံးအလုံးပေါင်း ၂၀၀ ကျော် ကြဲချ
ဓာတ်ပုံ-KNU
ဓာတ်ပုံ-KNU

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ အုပ်ချုပ်နယ်မြေရှိ အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေအပေါ်ကို နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးအလုံးပေါင်း ၂၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဘော့ထာကျေးရွာအတွင်းအပြင်နဲ့ လူသွားလမ်းပေါ်ကို စစ်ကောင်စီတပ်က မတ် ၂၀ ရက်နေ့မှာ ဒရုန်းနဲ့ ၃ ကြိမ်ပျံဝဲပြီး ဒရုန်းဗုံးသီး ၂၇ လုံး ကြဲချသွားခဲ့သလို ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စု စောခလီးလိုကျေးရွာထဲကိုလည်း ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဖာပွန်ခရိုင် လူသောမြို့နယ် ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ၊ တာဒိုထာနဲ့ နီးဒို့ထာကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး ၁၃၇ လုံး ထပ်မံကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မတ် ၁၉ ရက်နေ့ကလည်း လူသောမြို့နယ် ဘောသေထားကျေးရွာအုပ်စုအတွင်းရှိ ထူးမောဒဲတာဒိုထာနဲ့ နီးဒို့ထာကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ဒရုန်းဗုံးသီး အလုံး ၅၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ၂ ရက်တာအတွင်း စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးစုစုပေါင်း ၂၂၂ လုံး ကြဲချခဲ့တဲ့အတွက် ထူမောဒဲ၊ တာဒိုထာနဲ့ နီးဒိုထာကျေးရွာတွေက အိမ်ထောင်စု ၁၀၀ ကျော်၊ ပြည်သူလူထုပေါင်း ၁၃၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် မတ် ၁၃ ရက်ကနေ ၁၉ ရက်နေ့အတွင်း ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အဲဒီစစ်ရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မ ဟာ(၅)က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...