စစ်ကောင်စီ ဆက်လက်တည်ရှိရေး အန္တရာယ်ကျရောက်နေပြီလို့ ကုလကျွမ်းကျင်သူ ပြော

စစ်ကောင်စီ ဆက်လက်တည်ရှိရေး အန္တရာယ်ကျရောက်နေပြီလို့ ကုလကျွမ်းကျင်သူ ပြော

မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ဆက်လက်တည်ရှိရေး အန္တရာယ်ကျရေက်နေပြီဖြစ်တဲ့ အတွက် သူတို့ရဲ့ အုပ်ချုပ်မှုအဆုံးသတ်ရေး စုပေါင်းအရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ရ မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တပ်ကထွက်ပြေးမှု၊လက်နက်ချမှုတွေနဲ့ တပ်သားသစ်စုဆောင်းရေး ပြဿနာတွေအပြင် တပ်တွင်းသေဆုံးမှုများနေတဲ့အတွက် အင်အားလျှော့နည်းနေပြီး ဆက်လက် ရှင်သန်ရပ်တည်ရေး အန္တရာယ်ကျရောက်နေတာလို့ တွမ်အန်ဒရူးက ဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဥပဒေစိုးမိုးမှု ပြန်ရှိလာမယ်ဆိုပြီး စစ်ကောင်စီအပေါ် အလောင်း အစားလုပ်ခဲ့သူတွေ ရှုံးနိမ့်ပြီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အကြမ်းဖက်မှု၊မငြိမ်သက်မှု၊စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ဥပဒေမဲ့မှုတွေဟာ စစ်ကောင်စီကြောင့် အဓိက ဖြစ်နေတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဘဏ္ဍာငွေစီးဆင်းမှုတွေကို တားဆီးပြီး စစ်လက်နက်ပစ္စည်းတွေမရရှိ အောင် အရေးယူပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်ပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို အနှောင့်အယှက် ဖြစ်အောင်လုပ်ဆောင်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီအတွက် လက်နက်ရောင်းချမှုတွေကို စင်္ကာပူက တားဆီးထားပေမယ့် တရုတ်နဲ့ ရုရှားတို့ဟာ အဓိက လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာကြီးက တခြားပဋိပက္ခတွေကို အာရုံစိုက်နေချိန်မှာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ အာရုံစိုက်မခံရဖြစ်နေတဲ့အတွက် စစ်ကောင်စီဟာ မှိုတွေလိုပဲ အမှောင်ထဲမှာ ကြီးထွားရှင်သန်နေတယ်လို့ တွမ်အင်ဒရူးက ပြောခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံထဲက ပြည်သူတွေကို ကူညီဖို့ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်မှ အိပ်မက်ဆိုးကို အဆုံးသတ်ဖို့ နီးစပ်လာမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အထူးကိုယ်စားလှယ်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားတာဖြစ်ပေမယ့် သူတို့ဟာ ကုလသမဂ္ဂကိုယ်စားပြုပြောဆိုရတာမဟုတ်ဘဲ အမှီအခိုကင်းတဲ့ ကျွမ်းကျင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref:AFP

Most read this week

ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...