ကလောမြို့ စစ်မှုမထမ်းချင်သည့် လူငယ် ကိုယ့်ကိုကိုယ် သေကြောင်းကြံ

ကလောမြို့ စစ်မှုမထမ်းချင်သည့် လူငယ် ကိုယ့်ကိုကိုယ် သေကြောင်းကြံ

သျှမ်းပြည် ကလောမြို့တွင် စစ်မှုမထမ်းချင်သည့် လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ ခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ကလောမြို့ ရပ်ကွက် ၈ တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းရန် မဲနှိုက်ဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းချင်သည့် အမျိုး သားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြောင်း  ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကြိုဆွဲချပြီး ကိုယ်ဟာကိုသတ်သေသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ရက်ကွက် ၈ မှာ ၁၈ ရက် နေ့ကပဲ ဆုံးသွားတာ။”ဟု ကလောမြို့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသားသည် အသက် ၂၄ မောင်ထက်ဝေအောင် ကလောမြို့ ရပ်ကွက် ၈ တွင် နေထိုင်ကြောင်း သိရသည်။

ထိုပြင် စစ်ကောင်စီမှ ပြည်သူ့ စစ်မှုထမ်းရန် စာရင်းကောက်ပြီးနောက် စစ်မှုထမ်း အကျုံးဝင်သူများ ထွက်ပြေး တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့် ခရီးသွားလာခွင့်များ ယခင်ကထက် ပိုတင်းကြပ်လာကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများ ဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။

ထို့အပြင် အတတ်ပညာ အသက်မွေး ဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...