စစ်မှုမထမ်းလို၍ ထွက်ပြေးနေသော ကျောက်ဖြူက မွတ်ဆလင်များကို ပြည်နှင်ဒဏ်ပေးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်မှုမထမ်းလို၍ ထွက်ပြေးနေသော ကျောက်ဖြူက မွတ်ဆလင်များကို ပြည်နှင်ဒဏ်ပေးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
အွန်လိုင်းပေါ်ပျံ့နှံလာခဲ့သော ရုပ်သံဖိုင်တွင် စစ်ကောင်စီက မွတ်ဆလင်လူငယ်များအား စစ်သင်တန်းပေးနေစဉ်။
အွန်လိုင်းပေါ်ပျံ့နှံလာခဲ့သော ရုပ်သံဖိုင်တွင် စစ်ကောင်စီက မွတ်ဆလင်လူငယ်များအား စစ်သင်တန်းပေးနေစဉ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသူများကို ပြည်နှင်ဒဏ်ပေးပြီး ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကိုလည်း ဖမ်းဆီးမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း မွတ်ဆလင်များထံမှ သိရသည်။ 

စခန်းအတွင်းက ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်ရောက်လာခြင်းမရှိလျှင် ယင်းသို့လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားကြောင်း တိမ်းရှောင်နေကြသည့် မွတ်ဆလင်များက ပြောသည်။

“ပြည်နှင်ဒဏ် မသတ်မှတ်စေချင်ရင် စခန်းကို ပြန်လာရမယ်။ ပြန်မလာဘူးဆိုရင် ကျန်ခဲ့တဲ့ဆွေမျိုးသားချင်းတွေကို ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့အကြောင်းကို ဒုက္ခသည်စခန်းမှာ ကျန်ခဲ့တဲ့ ကျနော်တို့ မိသားစုဝင်တွေက ဖုန်းဆက်ပြီးတော့ ပြောတယ်” ဟု ဒုက္ခသည်စခန်းမှ ထွက်ပြေးလာသူ မွတ်ဆလင်တစ်ဦးက ပြောသည်။

လူဦးရေ ၁,၀၀၀ ကျော်နေထိုင်သော ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စခန်းအတွင်းရှိ အမျိုးသားများစာရင်းကို ကောက်ယူကာ စစ်မှုထမ်းရန် စည်းရုံးဟောပြောပြီးနောက် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ယင်းနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ခန့်မှာ စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း စခန်းတွင်းကျန်ရှိခဲ့သည့် အမျိုးသား ၁၁၇ ဦးကို စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးသွားကြောင်း သိရသည်။

ဒုက္ခသည်စခန်းမှ ထွက်ပြေးလာသူ မွတ်ဆလင်အမျိုးသမီးတစ်ဦးက “ကျမတို့က ညမိုးချုပ်တာနဲ့ ထွက်ပြေးလာခဲ့တာမို့ လွတ်သွားခဲ့တာ။ မနက်မိုးလင်းတော့ ဒုက္ခသည်စခန်းကို စစ်သားတွေက ဝိုင်းပိတ်ဆို့လိုက်သလို ကျမရဲ့ ဆွေးမျိုးသားချင်းတွေ အပါအဝင် လူ ၁၀၀ ကျော် လောက်ကို ဖမ်းဆီးသွားတယ်လို့ သိခဲ့ရတယ်” ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော မွတ်လင်အမျိုးသား၊ အမျိုးသမီး ၃၀ ခန့်မှာ ရက္ခိုင့်တပ်တော်(ULA/AA) ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေကြကြောင်း သိရသည်။

စစ်မှုထမ်းရန်ဖမ်းဆီးခံရသော မွတ်ဆလင်များထဲတွင် အသက် ၃၀ မှ ၃၅ နှစ်ကြားနှင့် အသက် ၅၀ ကြားရှိသူတို့ ပါဝင်ပြီး လက်ရှိတွင် ကျောက်ဖြူနယ်မြေစစ်တပ်ရင်း ၃၄ ၌ စစ်သင်တန်းပေးခံနေရကြောင်း သိရသည်။

မွတ်ဆလင်ဒုက္ခသည်များကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတကာ မွတ်ဆလင်အသိုင်းအဝိုင်းများကလည်း ကန့်ရှုတ်ချထားကြသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ထွက်ပြေးလာသူ အမျိုးသားနောက်တစ်ဦးက “ကျနော်တို့က အသွားအလာ ကန့်သတ်ခံထားရမှုနဲ့အတူ စားဝတ်နေရေးကြပ်တည်းမှုတွေကို ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်။ အဲဒါကိုမှ စစ်ရေးမှာအသုံးချဖို့ အတင်းအကျပ်ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ သက်သက်မဲ့ အနိုင်ကျင့်တာပဲ ဖြစ်တယ်” ဟု ပြောသည်။

မွတ်ဆလင်ဒုက္ခသည်များကို အဓမ္မ စစ်မှုထမ်းခိုင်းနေခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

အစ္စလာမ်ဘာသာဝင်များကို စစ်ကောင်စီက အတင်းအကျပ် စစ်သားစုဆောင်မှုများပြုလုပ်သည် ဆိုသည့် သတင်းမှာ ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း မတ်လ ၁၇ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သို့သော် မွတ်ဆလင်လူငယ်များကို စစ်သင်တန်းပေးနေသော ရုပ်သံဖိုင်တစ်ခု ယခုလဒုတိယအပတ်က အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့ပြီး ထိုနေရာသို့ စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကိုယ်တိုင် လာရောက်စစ်ဆေးနေမှုကို အဆိုပါရုပ်သံဖိုင်တွင် တွေ့ရသည်။

ရခိုင်ဒေသအတွင်း တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် မွတ်ဆလင်များကိုပါ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းနယ်မြေများသို့ တွန်းပို့လျက်ရှိသည်။

ရသေ့တောင်မြို့သိမ်းတိုက်ပွဲအပြီးတွင်လည်း စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်ဆလင်အလောင်းတချို့ကို တွေ့ခဲ့ရသည်ဟု ရက္ခိုင့်တပ်တော်(AA) မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...