ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံးကြဲ

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLA က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မတ်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဟာ အကြောင်းမဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းမှာရှိတဲ့ ကျောင်းကြီးအပါအဝင် ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားသလို ကိုရင် ၂ ပါးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဘုန်းတော်ကြီးကျောင်းနဲ့ နီးကပ်တဲ့ နေအိမ်တွေကိုလည်း ဗုံးစ တချို့ထိမှန်ခဲ့တာတဲ့ အတွက် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားပြီလို့ မြေပြင်ရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောထာားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီး ပစ်ခတ်မှု ၁၅၀၆ ကြိမ်၊ လေ ကြောင်းတိုက်ခိုက်မှု ၄၀၈ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့ပြီး တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ကျုးလွန်ထားတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ထက်မနည်း သေဆုံးထားပြီး အများစုဟာ စစ်ကောင်စီရဲ့ မှားယွင်းပစ်ခတ်မှု၊ဖမ်းဆီးခံရပြီး အသတ်ခံရမှု၊လက်နက်ကြီးထိမှန်မှုအပြင် ကြောက် လန့်ထွက်ပြေးရာကနေ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။

PNLA ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူး ပေါင်းအဖွဲ့တွေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့တည်းက ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာပါ။

စစ်ကောင်စီတပ်ဟာ ပအိုဝ်းဒေသကို နေ့စဉ် နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖျက်ဆီးနေ တာဖြစ်တယ်လို့ PNLA က အသိပေးထားပါတယ်။

ဓာတ်ပုံ - PNLA

February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...